ဖားကန့် အင်န်အယ်လ်ဒီ ဒုက္ခသည်တွေကို ကူညီ

ဖားကန့်မြို့နယ်အတွင်းရှိ ဒုက္ခသည် စခန်း ၃၁ ခုက စစ်ပြေးဒုက္ခသည်တွေကို ဖားကန့်မြို့ အင်န်အယ်လ်ဒီက ကူညီထောက်ပံ့နေတယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်အတွင်း ယာယီဒုက္ခသည်စခန်းတစ်ခုတွင် ခိုလှုံနေကြသော ကချင်ဒုက္ခသည် ကလေးငယ်နှစ်ဦး ကို ဖေဖော်ဝါရီလကုန်ပိုင်းတွင် တွေ့ရစဉ်။ AFP

ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတွင်းဒေသမှာ လွန်ခဲ့တဲ့ တစ်ပတ်လောက် ကတည်းက စတင်ခဲ့တဲ့ ကေအိုင်အိုနဲ့ အစိုးရတပ်တွေရဲ့ တိုက်ပွဲတွေကြောင့် ဘာသာရေးကျောင်းတွေမှာ ခိုလှုံနေရတဲ့ ဒုက္ခသည်တွေကို မိမိတို့ ကူညီနေကြောင်း ဖားကန့်မြို့နယ် အင်န်အယ်လ်ဒီ ရုံးတာဝန်ခံ ဦးခင်မောင်ချင်းက ပြောပါတယ်။

"ဒုက္ခသည်တွေစုဝေးရာ ၃၁ နေရာရှိတယ်။ ၃၁ နေရာအားလုံးကို ကျွန်တော်တို့ အညီအမျှ ခွဲဝေနိုင်သလောက်ပေါ့။ ကျွန်တော်တို့ ပါတီဝင်တွေက တစ်နယ်လုံးကနေပြီးတော့ ဆန်၊ ဆီ၊ ဆား ၊ ငြုပ်၊ ကြက်သွန် ငွေရေးကြေးရေးကအစ တတ်နိုင်သလောက် နေရာတိုင်းကို ရောက်အောင်ပေးတယ်။ ကျွန်တော်တို့က ၂၈ နေ့ကနေစ အကူအညီပေးတယ်။ စခန်းတိုင်းမှာ လူဦးရေ ရှိသလိုပေါ့။ အချိုးကျနဲ့ စခန်းတစ်ခုမှာ ဆန်တစ်အိတ်ဆို တစ်အိတ်၊ ဆီ ၂ပုံးဆို ၂ပုံးပေါ့။ ကျွန်တော်တို့လည်း အကြမ်းဖျင်း ဝေစုခွဲပြီးမှ မရောက်ရ မရှိအောင်ပေါ့။ ရှိသမျှ စခန်းတိုင်းကို ရောက်အောင်သွားတယ်လေ။ ကျွန်တော်တို့ ပါတီအတော်များများကို ဆက်သွယ်လာတဲ့ အလှူရှင်တွေလည်း ရှိတယ်လေ။ တော်တော်များများကတော့ တတ်နိုင်တဲ့ လူတွေကနေ လာပြီးတော့ လှူကြတာ။ ကျွန်တော်တို့ကတော့ အညီအမျှဖြစ်အောင် ပြန်ဖြန့်ပေးတယ်"

ကေအိုင်အိုနဲ့ အစိုးရတပ်တွေရဲ့ တိုက်ပွဲကြောင့် တရုတ် မြန်မာနယ်စပ်နဲ့ ပြည်တွင်းစခန်းတွေမှာ အရင်က ဒုက္ခသည် စုစုပေါင်း ရှစ်သောင်းဝန်းကျင်ရှိပြီး အခု လောလောဆယ် ဖားကန့်ကျောက်စိမ်းတွင်း ဒေသမှာရှိတဲ့ ဒုက္ခသည်တွေနဲ့ပါဆိုရင် စုစုပေါင်း တစ်သိန်းကျော်လာပြီလို့ ဒုက္ခသည်အရေး ကူညီဆောင်ရွက်သူတွေက ခန့်မှန်းပြောဆိုပါတယ်၊

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org