NLD ကျန်းမာရေးကွန်ရက် ရခိုင်ပြည်နယ်ကို သွားရောက် ကုသ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကျန်းမာရေး ကွန်ရက်က အထူးကုဆရာဝန် ၂၅ ဦးဟာ ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှာ ဒေသခံ လူဦးရေ ၁၅၀၀ ကျော်ကို မနေ့က ကျန်းမားရေးစောင့်ရှောက် မှုတွေ ပေးခဲ့တယ်လို့ သိရပါတယ်။
-
2014-11-24 -
-
-
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကျန်းမာရေးကွန်ရက်က အထူးကုဆရာဝန် ၂၅ ဦးဟာ ရခိုင်ပြည်နယ် မင်းပြားမြို့နယ် မှာ ဒေသခံ လူဦးရေ ၁၅၀၀ ကျော်ကို မနေ့က ကျန်းမားရေးစောင့်ရှောက်မှုတွေ ပေးခဲ့တယ်လို့ သိရပါတယ်။
လည်ပင်းကြီးရောဂါ၊ သည်းခြေမှာကျောက်တည်တာတွေ အတော်များများတွေ့ရတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကျန်းမာရေးကွန်ရက်က ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာတင်မျိုးဝင်းက ပြောပါတယ်။
"အသေးစားဆိုရင်တော့ အရေးမကြီးဘူးပေါ့နော်၊ အကြီးစားခွဲစိတ်ချင်ရင်တော့ ကျနော်တို့ရဲ့ မွတ်စလင် ကုသိုလ်ဖြစ်ဆေးရုံပေါ့နော်၊ ဘားလမ်းကိုလာဖို့ဆိုပြီး လိပ်စာပေးခဲ့တယ်၊ ခရီးစရိတ်ပဲကုန်တာပေါ့၊ ဟိုမှာက ကျနော်တို့ ကုသိုလ်ဖြစ်အစအဆုံး အားလုံးလုပ်ပေးမှာလေ၊ ဥပမာ သဲခြေအိတ်မှာ ကျောက်တည်တာတွေ လည်း တွေ့တယ်၊ နောက်လည်ပင်းကြီးရောဂါတွေလည်း တွေ့တယ်၊ နောက်ရင်သားမှာရှိတဲ့ အကြိတ်တွေ လည်းတွေ့တယ်၊ အဖုတွေအကြိတ် တစ်ကိုယ်လုံးမှာလည်းတွေ့ရပါတယ်"
ကျန်းမာရေးကွန်ရက်က သွားရောက်ကုသပေးတဲ့ ဆရာဝန်တွေထဲမှာ သွားဘက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးတွေ၊ အထွေထွေရောဂါကု ဆရာဝန်ကြီးတွေနဲ့ ခွဲစိတ်ဆရာဝန်ကြီးတွေ ပါဝင်တယ်လို့ သိရပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကျန်းမာရေးကွန်ရက်က ရန်ကုန်၊ တနသာၤရီ၊ ပဲခူး၊ ဧရာဝတီ၊ မွန်နဲ့ ကရင်ပြည်နယ်တွေကို လှည့်လည်ဆေးကုသပေးခဲ့ပြီဖြစ်ပြီး ရခိုင်ပြည်နယ်ခရီးစဉ်ဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။