ကိုယ်စားလှယ်လောင်း မိဘနိုင်ငံသားဖြစ်ရေး ပြဌာန်းချက် NLD ပြစ်တင်ဝေဖန်

လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ အတွက် ထုတ်ပြန်ထားတဲ့ မွေးဖွားစဉ် မိဘနှစ်ပါးက နိုင်ငံသားဖြစ်ရမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ၁၀ (င) ပါ ပြဌာန်းချက်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ကိုက်ညီမှုမရှိဘူးလို့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်းက ပြောလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်း ကို တွေ့ရစဉ်

လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအတွက် ထုတ်ပြန်ထားတဲ့ မွေးဖွားစဉ် မိဘနှစ်ပါးက နိုင်ငံသားဖြစ်ရမယ် လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ၁၀ (င) ပါ ပြဌာန်းချက်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုက်ညီမှု မရှိဘူးလို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်းက ပြောလိုက် ပါတယ်။ ဒီနေ့ ရန်ကုန်မြို့ Park Royal ဟိုတယ်မှာပြုလုပ်တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေး ပါတီတွေရဲ့ ဆွေးနွေးပွဲအပြီးမှာ RFA ကို ပြောလိုက်တာဖြစ်ပါတယ်။

"၁၀ (င)ကတော့ ဥပဒေအရ မှားယွင်းမှုမရှိဘူးလေ၊ ဒါပေမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပြန်ကြည့်လို့ရှိရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မကိုက်ဘူးလို့ထင်တယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံသားတိုင်းက ညီမျှတဲ့ အခွင့်အရေးရှိရမယ်၊ မိဘတစ်ပါးပါးကြောင့် ဒီလိုချို့ယွင်းတာကို မူတည်ပြီးတော့ ပယ်လိုက်တာဟာ သူ့ရဲ့နိုင်ငံသားအခွင့်အရေး ထိခိုက်တယ်လို့ ယူဆတယ်"

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာတော့ နိုင်ငံသားတိုင်းဟာ ညီမျှတဲ့အခွင့်အရေးရှိရမယ်လို့ ပါရှိတဲ့ အတွက် ရွေးကောက်ပွဲဥပဒေပါ ပြဌာန်းချက်နဲ့ ကိုက်ညီမှုမရှိသလို နိုင်ငံသားအခွင့်အရေးကို ထိခိုက်တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို သက်ဆိုင်ရာခရိုင်အလိုက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေက စိစစ်နေရာမှာ မွေးဖွားစဉ်အချိန်က မိဘနှစ် ပါးနိုင်ငံသား မဖြစ်သေးတဲ့အတွက် အရည်အချင်းသတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှုမရှိဘူးဆိုတဲ့ ၁၀(င) ပါ ပြဌာန်း ချက်တွေအရ ကိုယ်စားလှယ်လောင်းအတော်များများ ပယ်ချခံထားကြရပါတယ်။

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်းကို RFA သတင်းထောက် ကိုကျော်သူ တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org