NLD ပါတီ ၂၆ နှစ်မြောက်နေ့ အခမ်းအနား ကျင်းပပြုလုပ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD တည်ထောင်တဲ့ ၂၆ နှစ်မြောက် နှစ်ပတ် လည်နေ့ အခမ်းအနားကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်က NLD ရုံးချုပ်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
-
2014-09-27 -
-
-
Your browser doesn’t support HTML5 audio
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD တည်ထောင်တဲ့ ၂၆ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်က NLD ရုံးချုပ်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
ဒီအခမ်းအနားမှာ ၂၆ နှစ်မြောက် နှစ်ပတ်လည်နေ့ ကြေ ညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မျိုးအောင်က ဖတ်ကြားခဲ့ပါတယ်။
"လတ်တလောတွင် ကျနော်တို့ဆောင်ရွက်ရမည့် တာဝန်ကြီးနှစ်ရပ်ရှိသည်၊ ပထမတာဝန်မှာ တိုင်းရင်းသားမျိုးနွယ်စုများနှင့် သွေးစည်းညီညွှတ်တဲ့ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရန် ကြိုးပမ်းသွားရမည်ဖြစ်သည်၊ ဒုတိယတာဝန်မှာ ၂ဝဝ၈ အခြေခံဥပဒေ ပြင်ဆင်ရေးဖြစ်သည်၊ တိုင်းရင်းသား မျိုးနွယ်စုများနှင့် ဒီမိုကရေစီရေးသည် ပကတိ လက်တွေ့ကျကျ ဆက်နွယ်နေသည်၊ ယနေ့ ပြည်သူလူထု၏ မျှော်လင့်ချက်နဲ့ဆန္ဒသည် အနက်ရှိုင်းဆုံး စွဲထင်ယုံကြည်မှုမှာ ဒီမိုကရေစီ စံချိန်စံနှုန်းများနဲ့ မကိုက်ညီသော ၂ဝဝ၈ အခြေခံဥပဒေ ပြုပြင်ရေးပင်ဖြစ်သည်"
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး၊ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေး၊ ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေး စတဲ့လုပ်ငန်းတွေကို ပြည်သူလူထုနဲ့အတူ လက်တွဲဆောင်ရွက်သွား မှာ ဖြစ်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒီနှစ်ပတ်လည်နေ့ကို NLD နာယက ဦးတင်ဦး၊ ဗဟိုကော်မတီဝင် ဦးဉာဏ်ဝင်း၊ ၈၈မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ နိုင်ငံတကာ သံတမန်တွေနဲ့ ပါတီဝင်နှစ်ရာကျော် တက်ရောက်ခဲ့ပြီး သဝဏ်လွှာတွေလည်း ပေးပို့ခဲ့ကြပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခဲ့တာ ၂၆ နှစ်ပြည့်ဖြစ်တဲ့အတွက် ပါတီရဲ့အားကောင်းချက်နဲ့ အားနည်းချက်တွေ၊ လုပ်ငန်းစဉ်တွေနဲ့ပတ်သက်လို့ သဘာပတိအဖွဲ့ဥက္ကဌ ဦးတင်ဦးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။