ရဲတပ်ဖွဲ့က တရားစွဲထားတဲ့ မနီလာသိန်းကို တရားရုံးက အာမခံပေး

မေလ ၂၀ ရက်နေ့က ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့တွေရဲ့ ရုံးချိန်းမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုနဲ့ ရဲတပ်ဖွဲ့က တရားစွဲဆိုထားတဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မနီလာသိန်း အပါအဝင် လေးဦးကို ဗိုလ်တထောင်မြို့နယ် တရားရုံးမှာ ဒီကနေ့ စွဲချက်တင်လိုက်ပြီး တရားရုံးက တရားစွဲခံရသူတွေကို ငွေကျပ်သိန်း ၂၀ စီနဲ့ အာမခံပေးလိုက်ပါတယ်။

တရားစွဲခံရတဲ့ မနီလာသိန်း တို့ကို ဗိုလ်တထောင်တရားရုံးရှေ့မှာ ၂၀၁၉ ဇူလိုင် ၂၃ ရက်နေ့ကတွေ့ရစဉ် Photo: Thant Zin Oo/RFA

မေလ ၂၀ ရက်နေ့က ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့တွေရဲ့ ရုံးချိန်းမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုနဲ့ ရဲတပ်ဖွဲ့က တရားစွဲဆိုထားတဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မနီလာသိန်း အပါအဝင် လေးဦးကို ဗိုလ်တထောင်မြို့နယ် တရားရုံးမှာ ဒီကနေ့ စွဲချက်တင်လိုက်ပြီး တရားရုံးက တရားစွဲခံရသူတွေကို ငွေကျပ်သိန်း ၂၀ စီနဲ့ အာမခံပေးလိုက်ပါတယ်။

မနီလာသိန်း၊ မရှားယမုံ၊ ကိုနန်းလင်းနဲ့ ကိုနိုင်ကိုသူတို့ လေးယောက်အပြင် အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီး ခံထားရတဲ့ ကိုမင်းဟန်ထက်တို့ဟာ ရဲတပ်ဖွဲ့ဝင်တွေကို ကိုယ်ထိလက်ရောက်နာကျင်စေမှု ပုဒ်မ ၃၃၂၊ တာဝန် ထမ်းဆောင်နေတဲ့ ပြည်သူ့ဝန်ထမ်းကို ဟန့်တားနှောင့်ယှက်မှု ပုဒ်မ ၃၅၃ တို့နဲ့ ဗိုလ်တထောင်မြို့နယ် ရဲတပ်ဖွဲ့က တရားလိုလုပ်ပြီး တရားစွဲထားတာ ဖြစ်ပါတယ်။

ဒီနေ့ရုံးချိန်းမှာ မနီလာသိန်းက တရားဥပဒေ စိုးမိုးမှုကိုလိုလားလို့ ဥပဒေကြောင်းအရ လာရောက်ရင်ဆိုင် တာဖြစ်တယ်လို့ သတင်းမီဒီယာတွေကို ပြောဆိုပါတယ်။

ဒီကနေ့တရားစွဲဆိုတဲ့အချိန်မှာ တရားရုံးကို အရပ်ဝတ်ရဲတပ်ဖွဲ့ဝင်တွေ လာရောက်ပြီး တရားစွဲခံရသူတွေရဲ့ အမှုတွဲဖိုင်တွေကို ဓာတ်ပုံရိုက်ယူတာတွေဖြစ်ခဲ့ပါတယ်။

ဒီအပေါ် နောက်ထပ်တစ်ကြိမ်ရုံးချိန်းမှာ ရဲတပ်ဖွဲ့ဝင်တွေ အရပ်ဝတ်နဲ့လာရောက်တာ ထပ်မဖြစ်အောင် လုပ်ဆောင်သွားမယ်လို့ ဗိုလ်တထောင်မြို့နယ်စခန်းမှူးက တရားစွဲခံထားရသူတွေကို ပြန်လည်ပြောဆိုခဲ့ပါတယ်။

တရားစွဲခံထားရသူ ၅ ယောက်လုံးကို လာမယ့် ဇူလိုင်လ ၃၀ ရက်နေ့ရုံးချိန်းမှာ ပထမဆုံးအကြိမ် စတင်စစ်ဆေးမှာဖြစ်ပါတယ်။

(RFA သတင်းထောက် ကိုသန့်ဇင်ဦး ပေးပို့သည်)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org