နိုင်ငံတော်သမ္မတ ကျမ်းသစ္စာကျိန်ဆို
ပြည်သူတွေမြင်ချင်နေတဲ့ အပြောင်းအလဲကို မျက်ဝါးထင်ထင်မြင်ရအောင် ဆောင်ရွက်သွားမယ်လို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က တိုင်းပြည်ကို ပြောကြားတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြား ပါတယ်။
-
2018-03-30 -
-
-
ပြည်သူတွေမြင်ချင်နေတဲ့ အပြောင်းအလဲကို မျက်ဝါးထင်ထင်မြင်ရအောင် ဆောင်ရွက်သွားမယ်လို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က တိုင်းပြည်ကို ပြောကြားတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားပါတယ်။
ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ နိုင်ငံတော်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုအပြီး မိန့်ခွန်းပြောကြားခဲ့တာဖြစ်ပါတယ်။
“ပြုပြင်ပြောင်းလဲမှုနှောင့်နှေးနေတဲ့ ဌာနဆိုင်ရာအဖွဲ့အစည်းများကို ကြပ်မတ်ရပါလိမ့်မယ်။ ယိမ်းယိုင်နေ တဲ့ တရားစီရင်ရေးကို တည့်မတ်ရပါမယ်။ အဂတိလိုက်စားမှုကို ပိုမိုတိုက်ဖျက်ရပါလိမ့်မယ်။ လူ့အခွင့် အရေးချိုးဖောက်ခံရခြင်းများကို မြှင့်တင်ကာကွယ်ရပါလိမ့်မယ်။ မူးယစ်ဆေးဝါးကို ပိုမို နှိမ်နင်းရပါလိမ့် မယ်။ ပြည်သူ့ဘဏ္ဍာငွေများ အလေအလွင့်ဆုံးရှုံးမှုမရှိစေရန် စီမံခန့်ခွဲရပါလိမ့်မယ်။ ကျနော်အနေ နဲ့ ပြည်သူတွေ မြင်ချင်တွေ့ချင်တဲ့ အပြောင်းအလဲတွေကို မျက်ဝါးထင်ထင် တွေ့မြင်နိုင်အောင် ကျနော်တို့ရဲ့ ပြည်သူတွေနဲ့အတူ မမှိတ်မသုန် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်း အလေးအနက် ကတိပြုပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။”
အစိုးရရဲ့ ရည်မှန်းချက်ဖြစ်တဲ့ တရားဥပဒေစိုးမိုးရေးနဲ့ လူမှုဘဝတိုးတက်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး နဲ့ ပြည်တွင်းငြိမ်းချမ်းရေးအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လုပ်ငန်းတွေကို ဆောင်ရွက်သွား မှာ ဖြစ်ကြောင်းပြောပါတယ်။
ယိမ်းယိုင်နေတဲ့ တရားဥပဒေစိုးမိုးရေးကို တည့်မတ်သွားမှာ ဖြစ်သလို၊ အဂတိလိုက်စားမှုတွေနဲ့ မူးယစ်ဆေး ဝါး ရောင်းဝယ်ဖောက်ကားမှုတွေကိုလည်း နှိမ်နှင်းသွားမှာဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲမှု နှောင့်နှေးနေတဲ့ ဌာနဆိုင်ရာတွေကိုလည်း ပြင်ဆင်သွားမယ်လို့ ပြောပါတယ်။
တောင်သူလယ်သမားတွေရဲ့ လူမှုဘဝမြှင့်တင်ရေးနဲ့ ကျောင်းသူ၊ ကျောင်းသားများအဆင့်မြင့် ပညာရပ်တွေ သင်ကြားနိုင်ရေးအတွက် ဆောင်ရွက်မှာဖြစ်ကြောင်းနဲ့ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍကို အလေး ထားဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း နိုင်ငံတော် သမ္မတက ပြောပါတယ်။
ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနဲ့ ဦးဟင်နရီဗန်ထီးယူတို့က ကျမ်းသစ္စာကျိန်ဆိုခဲ့တာဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့လည်း တက်ရောက်ခဲ့ပါတယ်။