ခမောက်တံဆိပ်အပေါ် ပုတ်ခတ်ပြောဆိုမှု NLD ကို NDF က တိုင်ကြား

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲဆွယ် စည်းရုံးတဲ့အခါ NDF အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ကို ပုတ်ခတ်ပြောဆိုမှုတွေရှိနေတာကြောင့်ဆိုပြီး အရေး ယူ ဆောင်ရွက်ပေးဖို့ NDF ပါတီက ဘီးလင်းမြို့ နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံ မနေ့က တိုင်ကြား လိုက်ပါတယ်။

ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ်မှာ အောက်တိုဘာ ၁ဝ ရက်နေ့က NDF အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ မဲဆွယ်စည်းရုံးနေစဉ်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲဆွယ်စည်းရုံးတဲ့အခါ NDF အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ ကို ပုတ်ခတ်ပြောဆိုမှုတွေရှိနေတာကြောင့်ဆိုပြီး အရေးယူ ဆောင်ရွက်ပေးဖို့ NDF ပါတီက ဘီးလင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံ မနေ့က တိုင်ကြားလိုက်ပါတယ်။

NDF ပါတီရဲ့ ခမောက်တံဆိပ်ကို ပုတ်ခတ်ပြောဆိုတာတွေ လုပ်နေတာကြောင့် တိုင်ကြားတာဖြစ်တယ်လို့ NDF ပါတီရဲ့ ဘီးလင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်အေးအေးမာက ပြောပါတယ်။

အဲ့ဒီလိုပုတ်ခတ်ပြောဆိုမှုတွေဟာ NDF ပါတီ ရွေးကောက်ပွဲအောင်နိုင်ရေးကို ထိခိုက်နစ်နာစေတယ်လို့ ကော်မရှင် ထံ တိုင်ကြားစာမှာ ပါရှိပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ ရက်နေ့က ဘီးလင်းမြို့နယ် တောင်စွန်းကျေးရွာက ဒေဿဝတီရပ်ကွက်နဲ့ အောက်တိုဘာ လ ၁၁ ရက်နေ့က ဘီးလင်းမြို့နယ် အလူးကြီးကျေးရွာတို့မှာ မဲဆွယ်စည်းရုံးစဉ် ဘီးလင်းမြို့နယ် NLD ပါတီ ဥက္ကဌ ဦးကျော်မျိုးမင်းက NDF ပါတီတံဆိပ်အပေါ် ပုတ်ခတ်ပြောဆိုမှု ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဘီးလင်းမြို့နယ်မှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ ကရင် ပြည်သူ့ပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ စတဲ့ပါတီတွေ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ဘီးလင်းမြို့နယ်မှာ မဲပေးခွင့်ရှိသူ တစ်သိန်းနှစ်သောင်းကျော် ရှိတယ်လို့သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org