ဗိုလ်ကြီးဟောင်းနေမျိုးဇင် ရဲ့အမှု စီရင်ချက်ချတော့မည်

ဗိုလ်ကြီးဟောင်းနေမျိုးဇင်ရဲ့အမှုကို သြဂုတ်လ ၁၈ ရက်နေ့က အထူးခရိုင် တရားရုံးက စစ်ဆေးရာမှာ နှစ်ဘက် ရှေ့နေတွေ အပြီးသတ်လျှောက်လဲချက် ပေးပြီးလို့ သြဂုတ်လ ၂၆ ရက် နေ့မှာ အမိန့်ချမှတ်မယ် လို့ သိရပါတယ်။

ဖမ်းဆီးခံထားရတဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်။ Photo: pwvb.blogspot.com

ဦးနေမျိုးဇင်ရဲ့ ရှေ့နေကြီး ဦးလှမျိုးမြင့် က RFA ကို အမှုအကြောင်း ပြောပြရာမှာ ‘တရားရုံးကိစ္စ ပြီးပြတ်မှ ခွဲစိတ်ကုသရမယ်လို့ ဆရာဝန်ကပြောတဲ့အတွက် အမှုမြန်မြန်ပြီးအောင် နှစ်ဘက် ရှေ့နေတွေက အမှုမစစ်တော့ဘဲ ၊ တရားရုံးကပဲ စစ်ဆေးဖို့ အပြီးသတ်လျှောက်လဲချက် ပေးအပ်ခဲ့တယ်’ လို့ ပြောပါတယ်။

သွေးအကူအညီ ပေးရေးအဖွဲ့ဝင် ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ပြီးခဲ့တဲ့ သြဂုတ်လ ၁၁ ရက်နေ့က အီလက်ထရောနစ် ဥပဒေ ပုဒ်မ (၃၃) က နဲ့စွဲချက်တင်ခဲ့တာ ဖြစ်ပါတယ်။

ဦးနေမျိုးဇင်ဟာ ထိန်းသိမ်းခံထားရချိန်အတွင်း ရရှိတဲ့ ဒဏ်ရာကြောင့် ခါးနာ ရောဂါ ခံစား နေရ တဲ့ အပြင် လမ်းကောင်းကောင်း မလျှောက် နိုင်ဘဲ၊ ကြာရှည်လည်း မထိုင်နိုင်တော့ဘူးလို့ သိရ ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org