ဒုက္ခသည်သတင်းယူမယ့် သတင်းသမားတွေ ရေတပ် တားဆီး

ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်းအနီးမှာ ထိန်းသိမ်းထားတဲ့ လှေစီးဒုက္ခသည်တွေ ဆီကို သွားရောက်ခဲ့ကြတဲ့ သတင်းထောက်တွေကို အစိုးရရေတပ်က သွားခွင့်မပြုခဲ့ဘဲ ခေတ္တထိန်းသိမ်းခဲ့ တယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်အတွင်း လှေစီးဒုက္ခသည် ၇ဝဝ ကျော်ကို မေလ ၂၉ ရက်နေ့က ဖမ်းဆီးမိစဉ် Photo: MOI Webportal Myanmar (facebook)

ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်းအနီးမှာ ထိန်းသိမ်းထားတဲ့ လှေစီးဒုက္ခသည်တွေဆီကို သွားရောက်ခဲ့ကြတဲ့ သတင်းထောက်တွေကို အစိုးရရေတပ်က သွားခွင့်မပြုခဲ့ဘဲ ခေတ္တထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ကပ္ပလီပင်လယ်ပြင် မြန်မာနိုင်ငံရေပိုင်နက်အတွင်း လှေစီးဒုက္ခသည် ၇ဝဝ ကျော် ပါဝင်တဲ့ လှေကြီးးတစ်စင်းကို မြန်မာရေတပ်က တွေ့ရှိခဲ့ပြီး၊ ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်းအနီးမှာ ထိန်းသိမ်းထားပါတယ်။

အမျိုးသမီး ၇၄ ဦး၊ ကလေးငယ် ၄၅ ဦး အပါအဝင် လူ ၇ဝဝ ကျော်ပါဝင်တဲ့လှေကို တွေ့ရှိထိန်းသိမ်းထားကြောင်း အစိုးရက ကြေညာခဲ့ပြီးတဲ့နောက် ပြည်တွင်းသတင်းထောက်တွေဟာ အဲ့ဒီဒုက္ခသည်တွေရှိရာ ဟိုင်းကြီးကွန်း အနီးက သမီးလှကျွန်းကို သတင်းယူဖို့ လှေတွေနဲ့ သွားရောက်ခဲ့ကြပါတယ်။ ဒါပေမဲ့ အစိုးရ ရေတပ်ကင်း လှည့်ရေယာဉ်တွေက သတင်းထောက်တွေကို လာခွင့်မပြုဘဲ ပြန်မောင်းထုတ်ခဲ့တယ်လို့ ရိုက်တာသတင်းက ဖော်ပြ ပါတယ်။ AP သတင်းကတော့ မိမိတို့ သတင်း ၄ ယောက် အပါအဝင် သတင်းသမားတွေကို ရေတပ်က နှစ်နာရီ ကြာ ခေတ္တထိန်းသိမ်းပြီး စစ်ဆေးမေးမြန်းခဲ့တယ်လို့ဆိုပါတယ်။

ဒါ့ပြင် သတင်းထောက်တွေရဲ့ ကင်မရာ Memory Card ထဲက ဓါတ်ပုံတွေကိုလည်း ဖျက်ခိုင်းခဲ့တဲ့အပြင် ၊ နောက်နောင် အခုလိုမျိုး မလုပ်တော့ပါဘူးလို့ သတင်းထောက်တွေ ခံဝန်လက်မှတ် ရေးထိုးခဲ့ရကြောင်း AP နဲ့ AFP သတင်းတွေက ဖော်ပြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org