လျှပ်စစ်မီး၊ ရေ နဲ့ ကျေးလက်ဖွံ့ဖြိုးရေး ကျပ်ငွေ ဘီလျံ ခြောက်ထောင်ကျော် သုံးစွဲမည်

၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်မီးရရှိရေး၊ သောက်သုံးရေ လုံလောက်စွာ ရရှိရေး၊ ကျေးလက်ဒေသ ဖွံံ့ဖြိုးရေးနဲ့ ပညာရေး ကဏ္ဍတွေ မြန်မာကျပ်ငွေ ဘီလီယံ ၆ ထောင်ကျော်သုံးစွဲဖို့ လျာထားတယ်လို့ အမျိုးသားစီမံကိန်းနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဋ္ဌာနက ပြည်ထောင်စု လွှတ်တော်မှာ ဒီကနေ့ ပြောလိုက်ပါတယ်။

နေပြည်တော်လမ်းမကြီးကို အလုပ်သမားများ ပြင်ဆင်နေ ကြစဉ် (Photo: AFP)

၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်မီး ရရှိရေး၊ သောက်သုံးရေ လုံလောက်စွာ ရရှိရေး၊ ကျေးလက်ဒေသ ဖွံံ့ဖြိုးရေးနဲ့ ပညာရေးကဏ္ဍတွေ မြန်မာကျပ်ငွေ ဘီလီယံ ၆ ထောင်ကျော်သုံးစွဲဖို့ လျာထားတယ်လို့ အမျိုးသားစီမံကိန်းနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဋ္ဌာနက ပြည်ထောင်စု လွှတ်တော်မှာ ဒီကနေ့ ပြောလိုက်ပါတယ်။

ဒီကနေ့ ပြည်ထောင်စု လွှတ်တော်မှာ ၂၀၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းကို တင်သွင်းရာမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က အခုလိုပြောခဲ့တာပါ။

"နိုင်ငံပိုင်အခန်း ရင်းနှီးမြှုပ်နှံမှုမှာ မူလလျာထား ချက် ၆၈၅၅.၇ဝ၁ ဘီလီယံကျပ်ထဲ ၄.၂၂ဝ ဘီလီယံကျပ် ပိုမိုထည့်ဝင်သည်၊ ၆၈၅၉.၉၂၁ ဘီလီယံကျပ်ကို အပြီးသတ် လျာထားရေးဆွဲခဲ့ပါသည်၊ ထိုကဲ့သို့ ဆောင်ရွက်ခဲ့သည့်အပြင် ပြည်သူလူထုတစ်ရပ်လုံးရဲ့ လိုအပ်ချက်ဖြစ်သော လျှပ်စစ်မီး ရရှိရေး၊ သောက်သုံးရေရရှိရေး၊ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိရေး၊ လမ်းပန်းဆက်သွယ်မှု အဆင်ပြေချေမွေ့စေရေး၊ ကျေးလက်ဒေသ ဖွံံ့ဖြိုးရေးတို့ကို တာဝန်ခံဆောင်ရွက်လျှက်ရှိတဲ့ ပြည်ထောင်စု အဖွဲ့အစည်းများနဲ့ ပညာရေးဌာနတို့မှာ ပိုမိုခွဲဝေလျာထားပေးနိုင်ကြောင်း တင်ပြအပ်ပါသည်"

အဲဒီ ဥပဒေကြမ်းမှာလျာထားတဲ့ ကျပ်ငွေ ဘီလီယံ ၆ ထောင်ကျော်ကို အစိုးရဝန်ကြီးဋ္ဌာန ၁၇ ခုနဲ့ ဋ္ဌာနဆိုင်ရာ ၁၉ ခုတို့က ခွဲဝေသုံးစွဲကြမှာ ဖြစ်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

ဒါအပြင် ဒီကနေ့ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်မှာ မြန်မာနိုင်ငံ တံဆိပ်ခေါင်းအက်ဥပဒေကိုလည်း အတည်ပြုပြဋ္ဌာန်းခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org