၇ ကြိမ်မြောက် အပစ်ရပ်ဆွေးနွေး ပွဲ နိုင်ငံတကာကို ဖိတ်ကြားဖို့ တိုင်းရင်းသား တောင်းဆို
အစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းဖေါ်ဆောင်ရေးကော်မတီ UPWC နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ NCCT ရဲ့လာမယ့် ၇ ကြိမ်မြောက် ဆွေးနွေးပွဲကစပြီး နိုင်ငံတကာအဖွဲ့အစည်းတွေ ကို အသိသက်သေအဖြစ် ဖိတ်ခေါ်ဖို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက အစိုးရကို တောင်းဆိုလိုက် ပါတယ်။
-
2014-12-22 -
-
-
အစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းဖေါ်ဆောင်ရေး ကော်မတီ UPWC နဲ့ တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့တွေရဲ့ တစ်နိုင်ငံလုံး အပစ်ခတ် ရပ်စဲရေး ညှိနှိုင်း ရေးအဖွဲ့ NCCT ရဲ့လာမယ့် ၇ ကြိမ်မြောက် ဆွေးနွေးပွဲက စပြီး နိုင်ငံတကာ အဖွဲ့ အစည်းတွေကို အသိသက်သေအဖြစ် ဖိတ်ခေါ်ဖို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ က အစိုးရ ကို တောင်းဆိုလိုက်ပါတယ်။
အစိုးရရဲ့ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ နဲ့ တစ်နိုင်ငံလုံးအပစ်ခတ် ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့တို့ရဲ့ ဆွေးနွေးပွဲကို ဒီနေ့ ရန်ကုန် မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ စတင်ကျင်းပခဲ့ပါတယ်။
ဆွေးနွေးပွဲတက်ရောက်နေတဲ့ တိုင်းရင်းသားကိုယ်စား လှယ်တစ်ဦးဖြစ်သူ ဆလိုင်းလျှံမုန်းဆာခေါင် က သတင်း မီဒီယာတွေကို အခုလို ပြောကြားခဲ့ပါတယ်။
"နောက်နောင် ကျနော်တို့တကယ့်ဆွေးနွေးပွဲကြီးတွေမှာ လက်မှတ်ထိုးဖို့ တင် မဟုတ်ဘဲနဲ့ အခုလိုဆွေးနွေးပွဲမျိုးမှာပေါ့ ကျနော်တို့အသိသက်သေတွေ ပါဝင်ပတ်သက်ပြီးတော့ တက်ရောက်စေချင်ပါတယ်၊ အခုကတော့လုပ်ငန်းသဘောမျိုး ဆွေးနွေးတဲ့အတွက် ပြဿနာမရှိဘူး၊ ဒီတိုင်းလုပ်လို့ရတယ်၊ ဒါပေမဲ့ လာမယ့်ပွဲ ကနေစပြီးတော့ NCCT နဲ့ UPWC အစည်းအဝေးတိုင်းမှာ ကျနော်တို့ နိုင်ငံတကာ အသိသက်သေတွေ ပါဝင်တက်ရောက်စေချင်တယ်ဆိုတာကို ကျနော်တို့ တင်ပြသွားမှာပါ"
၇ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲကို လာမယ့် ဇန်နဝါရီလမှာ ကျင်းပနိုင်ဖို့ လျာထားတယ်လို့လည်း သိရပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက လိုင်ဇာဗိုလ်သင်တန်းကျောင်း ပစ်ခတ်ခံရမှုနဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအရ အဲ့ဒီ ဒေသတွေ မှာ အပစ်ခတ်ရပ်စဲရေးကို ခိုင်မာအောင် မလုပ်ဆောင်နိုင်သေးတာ ပေါ်လွင်နေကြောင်း ပြောပါတယ်။
ဒါ့အပြင်အပစ်ခတ်ရပ်စဲရေးခိုင်မာဖို့အတွက် နှစ်ဖက်လိုက်နာရမယ့် စည်းကမ်းတွေ သတ်မှတ်ပြီး၊ ချိုးဖောက်မှုတွေ ဖြစ် လာတဲ့အခါ စောင့်ကြည့်ကြီးကြပ်နိုင်တဲ့ ပူးတွဲစောင့်ကြည့်ကြီးကြပ်ရေးကော်မတီ အသက်ဝင်ဖို့ လိုအပ်ကြောင်း၊ အဲ့ဒီ အဆင့်ဖြစ်ဖို့အတွက် တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးလိုအပ်ကြောင်းလည်း ပြောပါတယ်။
တွေ့ဆုံပွဲကို အစိုးရဘက်က ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်၊ ဒုတိယဗိုလ်မှူးကြီးသက်နိုင်ဝင်းနဲ့ NCCT ဘက်က ခေါင်းဆောင် ပဒိုစောကွယ်ထူးဝင်း၊ ဗိုလ်မှူးကြီး ခွန်ဥက္ကာတို့ တက်ရောက်ခဲ့ပါတယ်။