နိုင်ငံတော် ဘတ်ဂျက် အသုံးစရိတ်အကြောင်း အသိပညာပေးဆွေးနွေးပွဲကျင်းပ
နိုင်ငံတော်ဘက်ဂျက်ဆိုင်ရာ ငွေ စာရင်းတွေ၊ အခွန်ကောက်ခံမှုဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး လွှတ်တော်အမတ်တွေ ပိုမိုသိရှိနားလည်လာစေဖို့ ရည်ရွယ်ပြီး စီးပွားရေးပညာ ရှင်တွေ ဦးဆောင်တဲ့ ဆွေးနွေးပွဲတစ်ခုကို ရန်ကုန် မြို့ တော်ဝင်နှင်းဆီခန်းမမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
-
2015-01-31 -
-
-
နိုင်ငံတော်ဘတ်ဂျက်ဆိုင်ရာ ငွေစာရင်းတွေ၊ အခွန်ကောက်ခံမှုဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး လွှတ်တော် အမတ်တွေ ပိုမိုသိရှိနားလည်လာစေဖို့ ရည်ရွယ်ပြီး စီးပွားရေးပညာရှင်တွေ ဦးဆောင်တဲ့ ဆွေးနွေးပွဲတစ်ခုကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
အစိုးရအနေနဲ့ နိုင်ငံတော်ဘတ်ဂျက်ရေးဆွဲရာမှာ အနည်းဆုံး ဆယ်လလောက်အလိုကတည်းက ပြည်သူတွေဆီ အသိပေးဖို့လိုအပ်ကြောင်း စီးပွားရေးပညာရှင် ဦးမျိုးမြင့်က အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။
"ပြည်သူတွေမှာ အခွန်တော့ပေးလိုက်ရပါတယ်၊ ဘာသုံးမှန်းမသိဘူး၊ ဘာချပေးမှန်းမသိဘူး၊ ပြည်သူပါဝင်ခွင့် မရှိပါဘူး၊ ပြည်သူပါဝင်မယ့် အများနဲ့ဆိုင်တဲ့ဘတ်ဂျက်ကို လုပ်ဖို့လိုပါတယ်၊ အဲ့တော့ ပြည်သူလူထုကို ဘတ်ဂျက်မစခင် အနည်းဆုံးဆုံး ၁ဝ လလောက်ကစပြီးတော့ ပြည်သူရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ လိုအပ်ချက်တွေကို အရင်ဆုံးအစိုးရက နားထောင်ဖို့လိုပါတယ်၊ တစ်ခုတော့ရှိတယ် အဲ့မှာပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ပြည်သူတွေနဲ့ထိတွေ့ဖို့လိုပါတယ်"
ဒီနေ့ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စီးပွားရေးကော်မတီနဲ့ လွှတ်တော်ရေးရာကော်မတီက ဦးစီးကျင်းပခဲ့တာဖြစ်ပြီး စီးပွားရေးပညာရှင်တွေဖြစ်တဲ့ ဦးမျိုးမြင့်၊ ဦးမြင့်သောင်း၊ ဦးစိန်ဌေးတို့က ဘတ်ဂျက်ရေးဆွဲမှု ပွင့်လင်းမြင်သာရေး၊ အခွန်ကောက်ခံမှုဆိုင်ရာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေး ဟောပြောခဲ့ကြပါတယ်။
အခမ်းအနားကို NLD နာယက ဦးတင်ဦး၊ NLD လွှတ်တော်အမတ်တွေနဲ့ ညီညွတ်သောတိုင်းရင်းသား လူမျိုးများမဟာမိတ်အဖွဲ့ UNA က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။