မော်လဒိုက်နိုင်ငံကို သဲရောင်းမယ်ဆိုတာ မှားယွင်း

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပုလောမြို့နယ် ပလောက်မြို့နယ်ခွဲ ပျဉ်ပုံကြီးကျွန်းအနီးမှာရှိတဲ့ သဲသောင်ပြင်က သဲတွေကို မော်လဒိုက်နိုင်ငံကို တင်ပို့ရောင်းချခွင့်မပြုထားကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် က ပြောပါတယ်။

တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ကို မေလ ၁၄ ရက်နေ့က တွေ့ရစဉ်

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပုလောမြို့နယ် ပလောက်မြို့နယ်ခွဲ ပျဉ်ပုံကြီးကျွန်းအနီးမှာရှိတဲ့ သဲသောင်ပြင်က သဲတွေကို မော်လဒိုက်နိုင်ငံကို တင်ပို့ရောင်းချခွင့်မပြုထားကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် က ပြောပါတယ်။

တိုင်းဒေသကြီးအစိုးရအဖွဲ့က အဲဒီတင်ပို့ရောင်းချခွင့်ကို ခွင့်မပြုဘူးဆိုတာကို ဒီလ ၁၀ ရက် နေ့ကတည်းက ဆုံးဖြတ်ချက်ချပြီးသားဖြစ်တယ်လို့ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် က ပြောပါတယ်။

"တိုင်းဒေသကြီးအစိုးရအဖွဲ့က အဲဒီကိစ္စကို ဒေသခံပြည်သူတွေ သဘောမတူရင် မလုပ်ပါဘူးဆိုတဲ့ ဆုံးဖြတ်ချက် ကို ပြီးခဲ့တဲ့ ၁၀ ရက်နေ့ကတည်းက ချထားတာပါ။ အစကတည်းက လုပ်ဖို့လည်း အစီအစဉ်မှမရှိပဲ။ ဒါပေမဲ့ ကုမ္ပဏီတွေက အမြဲတမ်းလာလာပြီး သွေးတိုးစမ်းတယ်။ သွေးတိုးစမ်းတော့ အစိုးရအဖွဲ့ အစည်းအဝေးအရ ဆုံးဖြတ်လိုက်တာလို့ သက်သေပြပြီး ဆုံးဖြတ်လိုက်တာပါရှင့်" လု့ိ ဒေါက်တာလဲ့လဲ့မော် က ပြောတာဖြစ်ပါတယ်။

ပျဉ်ပုံကြီးကျွန်းအနီးက အလျား ၇ မိုင် အနံ ၆ မိုင်ရှိတဲ့ သဲသောင်ပြင်ကသဲတွေကို ထုတ်ယူပြီး မော်လဒိုက်နိုင်ငံကို တင်ပို့ရောင်းချဖို့ Salt international ကုမ္ပဏီက တိုင်းဒေသကြီးအစိုးရကို တင်ပြထားတာဖြစ်ပါတယ်။

အဲဒီသဲတွေ ထုတ်ယူရောင်းချတဲ့ အမြတ်ငွေထဲက တနင်္သာရီတိုင်းဒေသကြီးအစိုးရဟာ ၅နှစ်မှာ ဒေါ်လာ သန်း ၂၅၀ ရရှိမှာဖြစ်သလို အမြတ်ငွေထဲကနေ ပုလောမြို့နယ်အတွက် လျှပ်စစ်မီး နှစ် ၅၀ သုံးစွဲခွင့်ရအောင် ဆောင်ရွက်ပေး မယ်လို့လည်း ကုမ္ပဏီရဲ့တင်ပြချက်တွေထဲမှာ ပါရှိပါတယ်။

ဒေသခံတွေက သဲထုတ်ရောင်းချမှာကို ကန့်ကွက်နေသလို တိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း ပြီးခဲ့တဲ့ သြဂုတ်လ ၁၁ ရက်နေ့စွဲနဲ့ ကုမ္ပဏီကို ထုတ်ခွင့်မပြုနိုင်ကြောင်း စာပေးပို့ထားပါတယ်။

ဖေ့ဘွတ်စာမျက်နှာမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့က သဲစုတ်ယူရောင်းချခွင့်ပြုထားတယ်ဆိုပြီး ပျံနှံပြီးဝေဖန်မှုတွေ ရှိနေတာကြောင့် ဝန်ကြီးချုပ်က ဒေသခံတွေ၊ အရပ်ဘက်အဖွဲ့တွေနဲ့ မီဒီယာသမားတွေကို ဒီနေ့ အစိုးရရုံးမှာ တွေ့ဆုံ ရှင်းပြခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org