မြတန်ဆောင်း ဘကကျောင်းကို ပိတ်ဖို့ ညွှန်ကြား

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှာ ရှိတဲ့ မြတန်ဆောင်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို ပိတ်သိမ်းဖို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက မနေ့က အကြောင်းကြားစာပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်က မြတန်ဆောင်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို တွေ့ရစဉ် Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှာရှိတဲ့ မြတန်ဆောင်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို ပိတ်သိမ်းဖို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက မနေ့က အကြောင်းကြားစာပေးပို့ထားပါတယ်။

ဒီနေ့မနက်မှာ ပညာရေးတာဝန်ရှိသူတွေ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ရဲတပ်ဖွဲ့တွေ ရောက်လာပြီး လိုအပ် တာတွေ ကူညီမယ်လို့ ပြောကြောင်း ကျောင်းအကျိုးတော်ဆောင်အဖွဲ့က ဒေါ်ဝင်းအေး က ပြောပါတယ်။

"မနေ့က ၁ ရက်နေ့က ရောက်လာပါတယ်၊ ကျောင်းရဲ့ပါမစ်ကို ရုပ်သိမ်းတယ်ဆိုပြီးတော့ အကြောင်းကြားစာ ရောက်လာပါတယ်၊ အခုမနက်က ပညာရေးဌာနကရော၊ မယကတွေရော၊ ရဲတွေရော၊ ကျောင်းကိုရောက်လာပါတယ်၊ သူတို့လိုအပ်တာရှိရင် ကူညီမယ်လို့တော့ ပြောပါတယ်၊ ကလေးတွေကတော့ ဒီမှာ ပုံစံမပျက် ကျောင်းတက်ပြီးတော့ နေနေပါတယ်၊ ဆရာမတွေကတော့ ဒီတိုင်းပဲ စာပြနေပါတယ်။"

အဲဒီကျောင်းမှာနေရင်း ပညာသင်သူ ၅၀ လောက်အပါအဝင် မူလတန်းကနေ ၉ တန်းအထိ ကျောင်းသား ၁၈၀ လောက်ရှိပြီး ဆရာ/ဆရာမ ၁၀ ယောက်က တာဝန်ယူသင်ကြားပေးနေတာဖြစ်ပါတယ်။

မြတန်ဆောင်းဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ ပညာသင်ကြားပေးဖို့ အခက်အခဲရှိနေတဲ့ အနီးပတ်ဝန်းကျင်မှာ နေထိုင်သူတွေနဲ့ ရပ်ဝေးက လာရောက်သင်ကြားသူတွေလည်း ရှိပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်နေ့မှာကျရောက်တဲ့ ရက္ခိုင့်တပ်မတော် AA (၈) နှစ်မြောက်အထိမ်းအမှတ် အဖြစ် မြတန်ဆောင်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ ဘောလုံးပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့လို့ဆိုပြီး မြောက် ဦးအခြေစိုက် ခမရ-၅၄၀ တပ်ရင်းက အရေးယူပေးဖို့ တိုင်ကြားခဲ့ရာကနေ ဧပြီလ ၁၀ ရက်နေ့မှာ မြတန်ဆောင်း ဆရာတော် ဦးနန္ဒသာရနဲ့ ကိုခိုင်နီမင်း တို့ကို မတရားအသင်း အက်ဥပဒေနဲ့ မြောက်ဦးမြို့မရဲစခန်းက ဖမ်းဆီးခဲ့ တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org