ထိုင်းရောက် မြန်မာတွေ ခေါင်းပုံဖြတ်ခံနေရ
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအနေနဲ့ ငွေကြေးရရှိနေတာမှန်ပေမယ့် သူတို့ကို ခေါင်းပုံဖြတ်နှိပ်စက်ခံနေရမှုတွေကနေ အကာအကွယ်ပေးဖို့ အများကြီးလိုအပ်သေးတယ်လို့ IOM ခေါ် ကုလသမဂ္ဂလက်အောက်ခံ နိုင်ငံတကာရွှွေ့ပြောင်းနေထိုင်သူများအဖွဲ့က အောက်တိုဘာ ၂၆ ရက်နေ့ မနေ့က ပြောကြားလိုက်ပါတယ်။
-
2018-10-26 -
-
-
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအနေနဲ့ ငွေကြေးရရှိနေတာမှန်ပေမယ့် သူတို့ကို ခေါင်းပုံဖြတ်နှိပ်စက် ခံနေရမှုတွေကနေ အကာအကွယ်ပေးဖို့ အများကြီးလိုအပ်သေးတယ်လို့ IOM ခေါ် ကုလသမဂ္ဂလက်အောက်ခံ နိုင်ငံတကာရွှွေ့ပြောင်းနေထိုင်သူများအဖွဲ့က အောက်တိုဘာ ၂၆ ရက်နေ့ မနေ့က ပြောကြားလိုက်ပါတယ်။
ထိုင်း၊ မြန်မာနယ်စပ်ဒေသ ၆ ခုမှာ ဝင်ထွက်သွားလာနေသူ ၄ ထောင်ကျော်ကို အခုနှစ်အတွင်း လေ့လာစုံစမ်းပြီး ထုတ်ပြန်ခဲ့တဲ့ IOM ရဲ့ အဲဒီ ကြေညာချက်မှာ မြန်မာအလုပ်သမားတွေ ကြုံတွေ့ရလေ့ရှိတဲ့ အခက်အခဲတွေနဲ့ သူတို့ရောက်ရှိလာပုံတွေ၊ စီးပွားရေးအခြေအနေတွေ၊ ဌာနေပြန်လိုခြင်း ရှိမရှိစတဲ့ အချက်အလက်တွေကို မေးမြန်း မှတ်တမ်းတင်ခဲ့ကြောင်း၊ မြန်မာအလုပ်သမား ၃ ပုံ ၂ ပုံက ထိုင်းနိုင်ငံမှာ လာရောက်လုပ်ကိုင်ရတဲ့အတွက် စီးပွားရေး အရ ပိုမိုအဆင်ပြေကြောင်းနဲ့ သူတို့မျှော်လင့်သလို လုပ်ခလစာတွေ ရရှိခဲ့တယ်လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။
ဒါပေမဲ့ အဲဒီ မြန်မာအလုပ်သမား တဝက်လောက်ရရှိနေတဲ့ဝင်ငွေဟာ ထိုင်းနိုင်ငံမှာ အလုပ်သမားတစ်ယောက် ယေဘုယျအားဖြင့် အနည်းဆုံးရရှိနေတဲ့ တစ်နေ့လုပ်ခ ဘတ်ငွေ ၃၁၈ ဘတ် (ကန် ဒေါ်လာ ၉.၆၆ ဒေါ်လာ) ထက်နည်းပါးတာကို တွေ့ရှိရတယ်လို့ IOM ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။