ဘောလုံးပွဲအပြီး မြန်မာလုပ်သားတချို့ တိုက်ခိုက်ခံရ

မလေးရှားနိုင်ငံမှာ ကျင်းပတဲ့ မြန်မာ-မလေးရှား ဘောလုံးပွဲအပြီးမှာ မြန်မာအလုပ်သမား ၂၅ ယောက်လောက် တိုက်ခိုက်ခံရပြီး ၃ ယောက် ဒဏ်ရာရရှိတယ်လို့ မြန်မာအလုပ်သမားတွေကို ကူညီပေးနေတဲ့ နှလုံးလှပရဟိတ လူငယ်အဖွဲ့ကနေ သိရပါတယ်။

မြန်မာ-မလေးရှား ဘောလုံးပွဲအပြီး တိုက်ခိုက်ခံရတဲ့ မြန်မာအလုပ်သမား ၁ ဦးကို ၂ဝ၁၈ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့က တွေ့ရစဉ် ဓာတ်ပုံ - နှလုံးလှပရဟိတအဖွဲ့

မလေးရှားနိုင်ငံမှာ ကျင်းပတဲ့ မြန်မာ-မလေးရှား ဘောလုံးပွဲအပြီးမှာ မြန်မာအလုပ်သမား ၂၅ ယောက်လောက် တိုက်ခိုက်ခံရပြီး ၃ ယောက် ဒဏ်ရာရရှိတယ်လို့ မြန်မာအလုပ်သမားတွေကို ကူညီပေးနေတဲ့ နှလုံးလှပရဟိတ လူငယ်အဖွဲ့ကနေ သိရပါတယ်။

မနေ့က ဘောလုံးပွဲအပြီး မြန်မာအလုပ်သမားတွေ ကားစောင့်နေချိန်မှာ အယောက် ၃၀ လောက်ပါတဲ့ လူအုပ်စုက ဝင်ရောက်တိုက်ခိုက်တာဖြစ်ကြောင်း၊ တိုက်ခိုက်ခံရတဲ့အထဲက ၃ ယောက်ကတော့ ခေါင်းနဲ့ ခြေထောက်တွေမှာ ဒဏ်ရာရရှိခဲ့ကြောင်း နှလုံးလှပရဟိတအဖွဲ့က ကိုသက် က ပြောပါတယ်။

အဲဒီအခြေအနေကို မလေးရှားရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ပေမယ့်လည်း မြန်မာအလုပ်သမားတွေကို အလုပ်ပြန်ဖို့သာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

မနေ့က ဆူဇူကီးဖလားလုပွဲ မြန်မာနဲ့ မလေးရှား ဘောလုံးပြိုင်ပွဲမှာ မလေးရှားက အနိုင်ရရှိခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org