ထိုင်းရောက်မြန်မာတွေ အလုပ်ပါ မစ်လျှောက်ဖို့ ခွင့်ပြုရက်ကို တိုးတောင်းမည်

ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာ အလုပ်သမားတွေအနေနဲ့ ဗီဇာရရှိပြီး ၁၅ ရက်အတွင်း အလုပ်လုပ်ခွင့်ပါမစ် လျှောက်ထားဖို့ သတ်မှတ် ထားတာကို ရက် ၆၀ အထိ တိုးမြှင့်ပေးဖို့အတွက် ထိုင်း အလုပ်သမားရေးရာဝန်ကြီးဌာနကို စာတင်တောင်းဆို ဖို့ မြန်မာအလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြင် ဆင်နေပါတယ်။

ထိုင်းနိုင်ငံ မဟာချိုင်မြို့က မြန်မာအလုပ်သမားများကို တွေ့ရစဉ် Photo: Kyaw Zaw Win/ RFA

ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ ဗီဇာရရှိပြီး ၁၅ ရက်အတွင်း အလုပ်လုပ်ခွင့် ပါမစ် လျှောက်ထားဖို့ သတ်မှတ်ထားတာကို ရက် ၆၀ အထိ တိုးမြှင့်ပေးဖို့အတွက် ထိုင်းအလုပ်သမားရေးရာဝန်ကြီး ဌာနကို စာတင်တောင်းဆိုဖို့ မြန်မာအလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြင်ဆင်နေပါတယ်။

ဗီဇာရရှိပြီး ၁၅ ရက်အတွင်း အလုပ်လုပ်ခွင့်ပါမစ် ပြောင်းလဲဖို့အတွက် အလုပ်သမားတွေမှာ အချိန်မလုံလောက် တာကြောင့် ထိုင်းနိုင်ငံ အစိုးရကို အခုလိုတောင်းဆိုတာဖြစ်တယ်လို့ မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေတဲ့ AAC မဟာမိတ်အဖွဲ့က ကိုရဲမင်း က ပြောပါတယ်။

"ဒီ ၁၅ ရက်ဆိုတာက Work permit လုပ်ဖို့ သက်တမ်းအရမ်းတိုတယ်။ ကျွန်တော်တို့ ရက်ပေါင်း ၆၀ တိုးပေးဖို့ရယ်။ နောက်တဆင့်က အရင်လူဟောင်းတွေ မသိဘဲနဲ့ နေနေတဲ့ လူဟောင်းတွေကို ခြွင်းချက် အနေနဲ့ လုပ်ပေးဖို့ရယ်၊ နောက်ထပ် လုံး၀ work permit မရှိသေးတဲ့သူ၊ work permit သေသွားတဲ့ သူတွေကို ခြွင်းချက်အနေနဲ့ ထိုင်းအစိုးရအနေနဲ့ လုပ်ပေးဖို့ရယ် ကျွန်တော်တို့က တောင်းဆိုထားတာပါ။ work permit တင်ရတာတို့ စာရင်းတင်ရတာတို့ ကျွန်တော်တို့အလုပ်သမားတွေက ခဏခဏ အလုပ် နားလို့မရတာတို့ အကြောင်းအမျိုးမျိုးကြောင့် ရက်မလုံလောက်လို့ ကျနော်တို့က ရက်တိုးတောင်း တာဖြစ်တယ်။"

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအနေနဲ့ ဗီဇာရရှိပြီး ၁၅ ရက်အတွင်း အလုပ်လုပ်ခွင့် ပါမစ်ကို မပြောင်းရင် မြန်မာနိုင်ငံကို ပြန်ပို့မယ်လို့ ထိုင်းအစိုးရထုတ်ပြန်ချက်ကို ဧပြီ ၂၁ ရက်နေ့က ထုတ်ပြန်လိုက် တာဖြစ်ပါတယ်။

အလုပ်လုပ်ခွင့်ပါမစ် ပြောင်းလဲဖို့အတွက် သက်ဆိုင်ရာမြို့နယ် အလုပ်သမားရုံးတွေမှာ သွားပြောင်းရမှာဖြစ်ပြီး သတ်မှတ်ဈေးနုန်းအနေနဲ့ ဘတ် ၁၀၀ ပေးရမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

အဲ့ဒီတောင်းဆိုချက်တွေကို အလုပ်သမားအခွင့်အရေး မြှင့်တင်ရေးဖောင်ဒေးရှင်း LPN နဲ့ AAC မဟာမိတ်အဖွဲ့က ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနဆီကို မနက်ဖြန်မှာ စာတင်တောင်းဆိုသွားမှာဖြစ်တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org