မြန်မာမှာ အမျိုးသမီး ၁၀ သန်းကျော် အကူအညီ လိုအပ်နေ

မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၃၃၀ က အမျိုးသမီးနဲ့ မိန်းကလေးငယ် ၁၀.၄ သန်းဟာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေကြောင်း UNOCHA က ထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်။ အညာပစ်တိုင်းထောင်လေးများ ဓာတ်ပုံ

မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၃၃၀ က အမျိုးသမီးနဲ့ မိန်းကလေးငယ် ၁၀.၄ သန်းဟာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က မတ် ၆ ရက်နေ့က ထုတ်ပြန်ပါတယ်။

ဒီထဲမှာ အမျိုးသမီး ၇.၁ သန်းနဲ့ မိန်းကလေးငယ် ၃.၃ သန်းပါဝင်ပြီး မြန်မာနိုင်ငံက အကူအညီ လိုအပ်နေသူအားလုံးရဲ့ ၅၂ ရာခိုင်နှုန်း ရှိတယ်လို့ ဆိုပါတယ်။

လေးနှစ်ကြာ ဖြစ်ပွားနေတဲ့ အကျပ်အတည်းတွေနဲ့ ပဋိပက္ခတွေ ပြင်းထန်လာတဲ့နောက် အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေဟာ ကျား-မ အခြေပြု အကြမ်းဖက်မှု၊ လူကုန်ကူးမှု၊ ခေါင်းပုံဖြတ်ခံရမှု၊ စီးပွားရေးဆိုင်ရာ စိန်ခေါ်မှု၊ သဘာဝဘေးဒဏ်ရဲ့ ရိုက်ခတ်မှုတွေအပြင် ပညာရေး၊ ကျန်းမာရေး ကန့်သတ်ခံရမှုတွေ ကြုံနေရတယ်လို့ ဖော်ပြပါတယ်။

ဒီအမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ဖို့၊ လုံခြုံရေး သေချာစေဖို့နဲ့ ဂုဏ်သိက္ခာ ထိန်းသိမ်းရေးတွေအတွက် အရေးတကြီးလုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org