Myanmar Veneer အလုပ်သမား သပိတ်ခေါင်းဆောင် ၇ ဦးကို ထောင်ချ

ပြီးခဲ့တဲ့နှစ်က စစ်ကိုင်းကနေ နေပြည်တော် ကို ချီတက်ဆန္ဒပြခဲ့ကြတဲ့ Myanmar Veneer သစ်အခြေခံစက်ရုံ လုပ်သားခေါင်းဆောင် ၇ ဦးကို ပုဒ်မ ၁၈ ပုဒ်မ ၃၄၁ တို့နဲ့ စစ်ကိုင်းမြို့နယ်တရားရုံး က ထောင်ဒဏ် ၅ လစီ ဒီကနေ့ အမိန့်ချမှတ်လိုက်ပါတယ်။

Myanmar Veneer စက်ရုံလုပ်သားတွေကို မတ်လ ၇ ရက်နေ့က စစ်ကိုင်းမြို့နယ်တရားရုံးမှာ ရုံးထုတ်ပြီးနောက် တွေ့ရစဉ် Photo: Hset Paing Toe/RFA

ပြီးခဲ့တဲ့နှစ်က စစ်ကိုင်းကနေ နေပြည်တော်ကို ချီတက်ဆန္ဒပြခဲ့ကြတဲ့ Myanmar Veneer သစ်အခြေခံစက်ရုံ လုပ်သားခေါင်းဆောင် ၇ ဦးကို ပုဒ်မ ၁၈ ပုဒ်မ ၃၄၁ တို့နဲ့ စစ်ကိုင်းမြို့နယ်တရားရုံးက ထောင်ဒဏ် ၅ လစီ ဒီကနေ့ အမိန့်ချမှတ်လိုက်ပါတယ်။

Myanmar Veneer သစ်အခြေခံစက်ရုံအလုပ်သမားတွေဟာ အလုပ်သမားအခွင့်အရေးတွေ တောင်းဆိုဖို့ အတွက် ပြီးခဲ့တဲ့နှစ် ဧပြီလ ၂၉ရက်နေ့က စစ်ကိုင်းစက်မှုဇုန်ကနေ နေပြည်တော်အထိ ချီတက်ခဲ့ကြတာဖြစ် ပြီး မေလ ၁၈ရက်နေ့မှာ နေပြည်တော် တပ်ကုန်းမြို့အဝင်မှာ တားမြစ်ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

အဲဒီသပိတ်စစ်ကြောင်းကို ဦးဆောင်ခဲ့သူတွေထဲက ကိုခိုင်မင်း၊ ကိုအေးချမ်းနဲ့ မစိမ်းလဲ့ခိုင် တို့ကို ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၄ လ စီ ချမှတ်ခဲ့ပြီး စက်ရုံရှေ့မှာ ၂လကြာ တားဆီးပိတ်ဆို့မှုနဲ့ ကိုခိုင်မင်း၊ ကိုစောထွန်း နဲ့ ကိုအောင်ကိုလင်းပါ ၅ဦးကို ထောင်ဒဏ် ၁လ စီ ချမှတ်ခဲ့တာဖြစ်ပါတယ်။

စက်ရုံရှေ့မှာ ၂ လအကြာ တားဆီးပိတ်ဆို့ခဲ့တယ်ဆိုပြီး ပုဒ်မ ၃၄၁ နဲ့ ကိုခိုင်မင်း ကိုစောထွန်းနဲ့ ကိုအောင်ကိုလင်း ပါ ၅ဦးကို အလုပ်ရှင်က တရားစွဲဆိုတာဖြစ်ပါတယ်။

Myanmar Veneer သစ်အခြေခံစက်ရုံလုပ်သား ၈၀ ခန့်ဟာ လုပ်သက်အလိုက် ကျွမ်းကျင်ကြေး၊ လုပ်သက် ခံစားခွင့်၊ ရက်မှန်ကြေး၊ စားစရိတ်၊ နေစရိတ်၊ အကြိုအပို့စရိတ်တွေကို ခံစားခွင့်ရရှိမယ်ဆိုပြီး အလုပ်ရှင် အလုပ်သမား သဘောတူညီခဲ့ပြီးမှ အလုပ်ရှင်ဘက်က သဘောတူညီချက်ကို ဖေါက်ဖျက်ခဲ့တယ်ဆိုပြီး ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက စက်ရုံရှေ့မှာ ၂ လ ကြာ သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြခဲ့တာဖြစ်ပါတယ်။

အဲဒီတောင်းဆိုချက်တွေကို စက်ရုံဘက်က မလိုက်လျောပေးတာကြောင့် ၂၀၁၆ ဧပြီလ ၂၉ ရက်နေ့ မှာ နေပြည်တော်ကို လမ်းလျှောက်ချီတက်ခဲ့ရာ တပ်ကုန်းမြို့အဝင်မှာ ဖမ်းဆီးခံခဲ့ရပြီး သပိတ်စစ်ကြောင်း ဦးဆောင်သူတွေကို ပုဒ်မ ၅၀၅ (ခ) အပါအဝင် ပုဒ်မ ၃ ခုနဲ့ ထောင်ဒဏ် ၅ လ စီ ချမှတ်ခဲ့ပြီးဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံသားပိုင်ဆိုင်တဲ့ Myanmar Veneer သစ်အချောထည်စက်ရုံမှာ လုပ်သား ၂၀၀ ကျော်ရှိ ပြီး နိုင်ငံခြားသားက တိုက်ရိုက်အုပ်ချုပ်တဲ့ စက်ရုံဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org