စစ်ကိုင်း သစ်အချောထည်စက်ရုံ အလုပ်သမားနဲ့ ဝန်းရံသူ ၁၂ ဦး ပြန်လွတ်

ပြီးခဲ့တဲ့ မေလတုန်းက စစ်ကိုင်း ကနေ နေပြည်တော်ကို ချီတက်ခဲ့တဲ့ Myanmar Veneer သစ်အချောထည်စက်ရုံ အလုပ်သမား သပိတ်စစ်ကြောင်းမှာ ပါဝင်ခဲ့ပြီး ထောင်ဒဏ်ကျခံခဲ့ရသူ ၁၂ ယောက်ဟာ ဒီကနေ့ ရမည်းသင်းထောင်ကနေ ပြန် လည်လွတ်မြောက်လာပြီဖြစ်ပါတယ်။

Myanmar Veneer စက်ရုံ အလုပ်သမားသပိတ်စစ်ကြောင်းမှာ ဝန်းရံပါဝင်ခဲ့တာကြောင့် ထောင်ကျခဲ့ပြီး နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ရမည်းသင်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတဲ့ ကျောင်းသားတစ်ဦးကို တွေ့ရစဉ် Photo: Hset Paing Toe/RFA

ပြီးခဲ့တဲ့ မေလတုန်းက စစ်ကိုင်းကနေ နေပြည်တော်ကို ချီတက်ခဲ့တဲ့ Myanmar Veneer သစ်အချောထည်စက်ရုံ အလုပ်သမားသပိတ်စစ်ကြောင်းမှာ ပါဝင်ခဲ့ပြီး ထောင်ဒဏ်ကျခံခဲ့ရသူ ၁၂ ယောက်ဟာ ဒီကနေ့ ရမည်းသင်းထောင်ကနေ ပြန်လည် လွတ်မြောက်လာပြီဖြစ်ပါတယ်။

လွတ်မြောက်လာသူတွေဟာ သပိတ်မှောက် အလုပ်သမား ၅ ယောက်၊ ဝန်းရံ ကျောင်းသား ၄ ယောက်နဲ့ ဝန်းရံ ပြည်သူ ၃ ယောက် ဖြစ်ပါတယ်။

ဒီကနေ့ လွတ်မြောက်ရာမှာ ပါဝင်တဲ့ ဝန်းရံကျောင်းသားတစ်ဦးဖြစ်တဲ့ ကိုသန်းထိုက်ကိုလည်း တရားရုံးကို မထီမဲ့မြင်ပြုမှုနဲ့ စွဲဆိုခံထားရတဲ့ အမှုဟောင်းရှိပေမယ့် မင်းလှမြို့နယ် တရားရုံးက အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။

လုပ်သက်အလိုက် ကျွမ်းကျင်ကြေး၊ လုပ်သက်ခံစားခွင့်၊ ရက်မှန်ကြေး၊ စားစရိတ်၊ နေစရိတ်နဲ့ အကြိုအပို့ ခံစားခွင့်တွေအတွက် စစ်ကိုင်းမြို့ကနေ နေပြည်တော်ကို ချီတက်လာတဲ့ Myanmar Veneer သစ်အချောထည်စက်ရုံ အလုပ်သမားသပိတ် စစ်ကြောင်းကို မေလ ၁၈ ရက်နေ့မှာ ရဲတပ်ဖွဲ့က ဖြိုခွင်းခဲ့ပြီး ပါဝင်သူတွေကို ဖမ်းဆီးခဲ့တာပါ။

အဲဒီနောက် သပိတ်မှာ ပါဝင်ခဲ့သူ ၅၀ ကျော်ကို အသီးသီးပြန်လွှတ်ပေးခဲ့ပေမယ့် သပိတ်ကို ခေါင်းဆောင်ခဲ့တဲ့ အလုပ်သမားတွေနဲ့ ဝန်းရံ ကျောင်းသား ခေါင်းဆောင်တွေကိုတော့ တရားစွဲဆိုပြီး ထောင်ဒဏ်အပြစ်ပေးခဲ့တာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org