မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ် သွားမည်
မြန်မာနိုင်ငံဘက်မှာဖြစ်ပွားခဲ့တဲ့ အကြမ်း ဖက်မှုများကြောင့် သောင်းနဲ့ချီတဲ့ မြန်မာနိုင် ငံဘက်ကသူများ ဘင်္ဂလားဒေ့ရှ်ကို ရောက် ရှိနေတယ်ဆိုတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ပြောဆိုနေ တဲ့ ခေါင်းခဲစရာပြဿနာနဲ့ ပတ်သက်ပြီး သံတမန်ကိုယ်စား လှယ် အဖွဲ့တစ်ဖွဲ့စေလွှတ်ဖို့ မြန်မာနိုင်ငံဘက်က စီစဉ်နေ ပါတယ်။
-
2017-01-08 -
-
-
မြန်မာနိုင်ငံဘက်မှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုများကြောင့် သောင်းနဲ့ချီတဲ့ မြန်မာနိုင်ငံဘက်ကသူများ ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိနေတယ်ဆိုတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ပြောဆိုနေတဲ့ ခေါင်းခဲစရာပြဿနာနဲ့ ပတ်သက်ပြီး သံတမန်ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့စေလွှတ်ဖို့ မြန်မာနိုင်ငံဘက်က စီစဉ်နေပါတယ်။
မြန်မာသံအဖွဲ့ဟာ အခုလအတွင်း ဒက်ကာမြို့ကို လာရောက်ဖို့ရှိတယ်လို့ စနေနေ့က မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးစိုးက Anadolu သတင်း အေဂျင်စီကိုပြောဆိုလိုက် ပါတယ်။ အဖွဲ့ကိုဒုတိယနိုင်ငံခြားရေးဝန်ကြီး ခေါင်းဆောင်မှာ ဖြစ်ပါတယ်။ ဒီအဖွဲ့ဟာဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိနေ တယ်ဆိုတဲ့ မြန်မာနိုင်ငံသားတွေနဲ့ ပတ်သက်ပြီး အဓိကဆွေးနွေးကြမှာဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်ဘက်ကအဆိုအရ ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့နောက်ပိုင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ကို ပြေးလာသူ စုစုပေါင်း ၅ သောင်း ပတ်ဝန်းကျင်ရှိတယ်လို့ ဆိုပါတယ်။ အလားတူ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာ ကတည်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှာ ရောက်ရှိနေထိုင်နေသူ ၃ သိန်းကို ပြန်လည်လက်ခံဖို့လည်း မြန်မာနိုင်ငံ ကို တောင်းဆိုထားပါတယ်။
ဒီအတောအတွင်း မလေးရှားနိုင်ငံက NGO အဖွဲ့များပါတဲ့ မြန်မာနိုင်ငံကို စေလွှတ်မယ့် ကယ်ဆယ်ရေးပစ္စည်းများ ပို့မယ့် သင်္ဘောအုပ်စုမှာ နိုင်ငံပေါင်း ၁၄ နိုင်ငံက ပါဝင်မှာဖြစ်တယ်လို့ မလေးရှားအစ္စလာမ္မစ်အဖွဲ့က ကြေညာ လိုက်ပါတယ်။
သင်္ဘောမှာ မလေးရှားနိုင်ငံသား ၁၅၀ အပြင် တူရကီနိုင်ငံက ၁၀ ဦးအပါအဝင် တခြားနိုင်ငံများက လိုက်ပါဖို့ ဆန္ဒပြုသူ ၉၀ လိုက်ပါမှာဖြစ်ပြီး စုစုပေါင်း ၂၄၅ ဦး ဖြစ်ကြပါတယ်။