တရုတ်နယ်စပ်က စစ်ဘေးဒုက္ခသည် ၁၅၀၀ ကျော် စားနပ်ရိက္ခာ ခက်ခဲနေ

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကိုးကန့် (MNDAA) တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ရဲ့ တိုက်ပွဲတွေကြောင့် ဖိုင်းကောင်းရွာနဲ့ တရုတ်နယ်စပ် ခြံစည်းရိုးအနီးကို ထွက်ပြေး နေကြရတဲ့ ကျေးရွာခြောက်ရွာက ဒေသခံ ၁၅၀၀ ကျော်ဟာ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ် လို့ ဒုက္ခသည်စခန်းမှာ ရောက်နေသူက RFA ကို ပြောပါတယ်။

ဖိုင်းကောင်းရွာနဲ့ တရုတ်နယ်စပ်ကြားက ဒုက္ခသည်တွေကို နိုဝင်ဘာလ ၂၅ ရက်နေ့က တွေ့ရစဉ်

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကိုးကန့် (MNDAA) တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ရဲ့ တိုက်ပွဲတွေကြောင့် ဖိုင်းကောင်းရွာနဲ့ တရုတ်နယ်စပ် ခြံစည်းရိုးအနီးကို ထွက်ပြေးနေကြရတဲ့ ကျေးရွာခြောက်ရွာက ဒေသခံ ၁၅၀၀ ကျော်ဟာ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဒုက္ခသည်စခန်းမှာ ရောက်နေသူက RFA ကို ပြောပါတယ်။

အဲဒီဒုက္ခသည်တွေဟာ ဖိုင်းကောင်းကျေးရွာအုပ်စုအတွင်းမှာ ပါဝင်တဲ့ ခလွမ်၊ ကောင်းစတီး၊ မန်ဂျေ၊ ဖိုင်းကောင်း၊ ပေါင်းရာ၊ ခလျှံ စတဲ့ကျေးရွာ ခြောက်ခုကဖြစ်ပြီး တိုက်ပွဲကြောင့် အခုနှစ် သြဂုတ်လဆန်းထဲက နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတာပါ။

(ဖိုင်းကောင်းရွာနဲ့ တရုတ်နယ်စပ်ကြားက ဒုက္ခသည်တွေကို နိုဝင်ဘာလ ၂၅ ရက်နေ့က တွေ့ရစဉ်)
ဒုက္ခသည်တွေအနေနဲ့ ဖိုင်းကောင်ကျေးရွာ ဒုက္ခစည်စခန်းအဟောင်းနဲ့ တရုတ်နယ်စပ် ခြံစည်းရိုးကြားမှာ နေရာသုံးခုခွဲပြီး ဖြစ်သလို တဲထိုးနေနေကြရပါတယ်။

လတ်တလောမှာ ဒေသခံကချင်အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာအဖွဲ့အချို့က အကူအညီပေးနေ တာတွေရှိပေမဲ့ အဲဒီဒေသမှာ စစ်ရေးတွေတင်းမာနေတာ၊ အလုပ်အကိုင်အခွင့်အလမ်းမရှိတာ၊ အလှူရှင်တွေ အများအပြား မလာရောက်နိုင်တာတွေကြောင့် စားဝတ်နေရေး၊ ကျန်မာရေးကိစ္စတွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဒုက္ခသည်တွေကပြောကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org