တပ်မတော်ရဟတ်ယာဉ်တစ်စင်း ပျက်ကျ

ဒီကနေ့ မနက်ပိုင်းက တပ်မတော်ရဟတ် ယာဉ်တစ်စင်း လေ့ကျင့်ပျံသန်းစဉ် မုန်တိုင် ဆည်အတွင်း ထိုးဆင်းပျက်ကျသွားခဲ့တယ် လို့ အစိုးရ စစ်တပ်ပိုင် မြဝတီသတင်းဌာနက ဖော်ပြပါတယ်။

ဧပြီလ ၂၆ ရက်နေ့က ပျက်ကျသွားတဲ့ တပ်မတော်ရဟတ်ယာဉ်ရဲ့ အပိုင်းအစတချို့ကို တွေ့ရစဉ် Photo: တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး/ Facebook

ဒီကနေ့ မနက်ပိုင်းက တပ်မတော်ရဟတ်ယာဉ်တစ်စင်း လေ့ကျင့်ပျံသန်းစဉ် မုန်တိုင်ဆည်အတွင်း ထိုးဆင်းပျက်ကျသွားခဲ့တယ်လို့ အစိုးရ စစ်တပ်ပိုင် မြဝတီသတင်းဌာနက ဖော်ပြပါတယ်။

မိတ္ထီလာတပ်နယ်၊ လေကြောင်းအတတ်သင်လေတပ်စခန်းဌာနချုပ်မှ Bell-206 အမျိုးအစား ရဟတ်ယာဉ်တစ်စီးဟာ လေ့ကျင့်ပျံသန်းစဉ် စက်ချို့ယွင်းမှုကြောင့် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ မုန်တိုင်ဆည်ထဲကို ထိုးဆင်းပျက်ကျခဲ့တာလို့ ဆိုပါတယ်။

အဲဒီရဟတ်ယာဉ်ကို မောင်းနှင်တဲ့ ဗိုလ်မှူး ဝင်းအောင်နှင့် ဗိုလ်မှူး ခွန်ကျော်လှိုင်တို့ကို ဆည်ထဲမှာ အလုပ်လုပ်နေတဲ့ တံငါသည်တွေက ဆယ်ယူပြီး၊ မျက်နှာမှာ ပွန်းပဲ့ဒဏ်ရာအနည်းငယ်ရရှိထားတဲ့ သူတို့နှစ်ဦးကို ဆေးရုံကို ပို့ပေးခဲ့တယ်လို့ သိရပါတယ်။

ရဟတ်ယာဉ်ပျက်ကျမှု ဖြစ်စဉ်အသေးစိတ်ကို စုံစမ်းစိစစ်နေဆဲလို့လည်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org