မြန်မာအစိုးရရဲ့ ဆေးဝါး ဝယ်ယူရေး အဆိုပြုချက် အိန္ဒိယစဉ်းစား

အိန္ဒိယနိုင်ငံဆီက ဆေးဝါးနဲ့ ပတ်သက်တဲ့ အကူအညီတွေရရှိဖို့ မြန်မာနဲ့ အာဖဂန် နစ္စတန်ရဲ့ အဆိုပြုချက်တွေကို အိန္ဒိယ အစိုးရက စဉ်းစားနေပါတယ်။

အိန္ဒိယနိုင်ငံဆီက ဆေးဝါးနဲ့ ပတ်သက်တဲ့ အကူအညီတွေရရှိဖို့ မြန်မာနဲ့ အာဖဂန်နစ္စတန်ရဲ့ အဆိုပြုချက်တွေကို အိန္ဒိယအစိုးရက စဉ်းစားနေပါတယ်။

မြန်မာက နိုင်ငံပိုင်ဆေးရုံတွေအတွက် အိန္ဒိယဆီက ဆေးဝါးမျိုးစုံ အမြောက်အများဝယ်ယူလိုကြောင်း အဆိုပြုထားပြီး၊ အာဖဂန်နစ္စတန်က ဆေးဝါးထုတ်လုပ်ရေး လုပ်ရေးလုပ်ငန်း တည်ထောင်ရာမှာ အကူအညီပေးဖို့ အဆိုပြုထားတာဖြစ်ပါတယ်။

မြန်မာအစိုးရရဲ့ အဆိုပြုချက်ကို အိန္ဒိယဆေးဝါးကုမ္ပဏီ ၇၀ နီးပါးက စိတ်ဝင်စားနေကြပြီး၊ အိမ်နီးချင်းဖြစ် တဲ့ မြန်မာနိုင်ငံမှာ ဈေးကွက်တိုးချဲ့ဖို့ ဆန္ဒရှိနေကြပါတယ်။ ကုမ္ပဏီတခုရဲ့ အကြီးအကဲတဦးကလည်း မြန်မာ၊ ကမ္ဘောဒီးယား၊လာအို၊ဗီယက်နမ် နိုင်ငံတွေဟာ ဒေသတွင်းမှာ ဈေးကွက်ကြီးတခုဖြစ်လို့ ဆေးဝါးပစ္စည်းသာမက ကျန်းမာရေးကဏ္ဍ ဝန်ဆောင်မှုတွေကိုပါ ဆောင်ရွက်လိုကြောင်း ပြောပါတယ်။

မြန်မာနိုင်ငံဟာ အိန္ဒိယဆေးဝါးလုပ်ငန်းရဲ့ အရေးကြီးဈေးကွက်တွေထဲမှာ ပါဝင်နေပြီးသားဖြစ်ပြီး၊ လိုအပ်တဲ့ ဆေးဝါးတွေရဲ့ ၄၀ ရာနှုန်းကို အိန္ဒိယဆီက ဝယ်ယူနေတာပါ။ ၂၀၁၆ ဧပြီလကနေ ၂၀၁၇ ဇန်နဝါရီလအထိ အိန္ဒိယက မြန်မာကို တင်ပို့တဲ့ ဆေးဝါးတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁၄၄ သန်း ဖိုးရှိတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org