မြန်မာ မဏိပူရ်နယ်စပ် ခြံစည်းရိုးခတ်မည်

မြန်မာနဲ့ကပ်ရပ် အိန္ဒိယနိုင်ငံနယ်စပ်က မဏိပူရ်ပြည်နယ်မှာ နယ်စပ်ခြံစည်းရိုး အမြန်ကာမယ်လို့ ပြည်နယ် ဝန်ကြီးချုပ်က မနေ့တုန်းက ပြောလိုက်တဲ့အကြောင်း The Times of India သတင်းမှာ ဖော်ပြထားပါတယ်။ အာသံရိုင်ဖယ်တပ်က ယာဉ်တန်းတစ်ခု ခြုံခိုတိုက်ခိုက်ခံရပြီး နောက်တစ်ရက်အကြာမှာပဲ နယ်စပ်ခြံစည်းရိုး ကာမယ့်ကိစ္စကို ပြောလာတာပါ။

မြန်မာနိုင်ငံနှင့် မဏိပူရ်နယ်နိမိတ် မှတ်တိုင်တစ်ခုကို တွေ့ရစဉ် Photo: www.time8.in

မြန်မာနဲ့ကပ်ရပ် အိန္ဒိယနိုင်ငံနယ်စပ်က မဏိပူရ်ပြည်နယ်မှာ နယ်စပ်ခြံစည်းရိုး အမြန်ကာမယ်လို့ ပြည်နယ် ဝန်ကြီးချုပ်က မနေ့တုန်းက ပြောလိုက်တဲ့အကြောင်း The Times of India သတင်းမှာ ဖော်ပြထားပါတယ်။ အာသံရိုင်ဖယ်တပ်က ယာဉ်တန်းတစ်ခု ခြုံခိုတိုက်ခိုက်ခံရပြီး နောက်တစ်ရက်အကြာမှာပဲ နယ်စပ်ခြံစည်းရိုး ကာမယ့်ကိစ္စကို ပြောလာတာပါ။

မဏိပူရ်ပြည်နယ်ဟာ မြန်မာနိုင်ငံနဲ့ မိုင် ၂၅ဝ နီးပါး နယ်မြေချင်း ထိစပ်နေပြီး စနေနေ့တုန်းက မြန်မာနယ်စပ် နဲ့ ၁၂ မိုင်လောက်အကွာမှာ မဏိပူရ် နာဂပြည်သူ့တပ်ဦး MNPF နဲ့ ပြည်သူ့လွတ်မြောက်ရေးတပ် PLA တို့ ပူးပေါင်းအဖွဲ့က အာသံရိုင်ဖယ်တပ်ရဲ့ ယာဉ်တန်းကို ခြုံခိုတိုက်ခိုက်ခဲ့လို့ ဗိုလ်မှူးကြီး တစ်ယောက်နဲ့ သူ့ရဲ့ဇနီး၊ ၆ နှစ်အရွယ် သူတို့ရဲ့ သားတစ်ယောက်နဲ့ အရာရှိ လေးယောက်တို့ သေဆုံးခဲ့ပြီး ခြောက်ယောက် ဒဏ်ရာ ရခဲ့ပါတယ်။

ခြုံခိုတိုက်ခိုက်ခဲ့တဲ့ သူပုန် အဖွဲ့တွေဟာ မြန်မာနိုင်ငံဘက်ကနေလာပြီး တိုက်ခိုက်ပြီးတဲ့အခါမှာလည်း မြန်မာနယ်စပ်ဘက်ကို ပြန်သွားတယ်လို့ အိန္ဒိယ ထောက်လှမ်းရေးနဲ့ ရဲတပ်ဖွဲ့က ယူဆနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org