မြန်မာအပါအဝင် အာရှ-ပစိဖိတ်ဒေသတွင်း နိုင်ငံတွေအတွက် အီးယူ ထပ်မံကူညီ

ဒီထောက်ပံ့ငွေတွေဟာ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတွေက လူသားချင်းစာနာမှုကူညီရေးလုပ်ငန်းတွေအတွက် အထောက်အကူဖြစ်မယ်လို့ ဆိုပါတယ်။

ပဲခူးတိုင်း တောင်ငူမြို့တွင် ရေကြီးရေလျှံမှုကြောင့် ကယ်ဆယ်ရေးလှေစောင့်ဆိုင်းနေသည့် ရေဘေးသင့်ပြည်သူများအား ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့က တွေ့ရစဉ်။ AFP

အာရှ-ပစိဖိတ်ဒေသအတွက် လူသားချင်းစာနာမှုအကူအညီအဖြစ် ယူရို ၂၁.၅ သန်း ကူညီထောက်ပံ့သွားမယ်လို့ ဥရောပသမဂ္ဂက အောက်တိုဘာလ ၁၅ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဒီထောက်ပံ့ငွေတွေဟာ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတွေက လူသားချင်းစာနာမှုကူညီရေးလုပ်ငန်းတွေအတွက် အထောက်အကူဖြစ်မယ်လို့ ဆိုပါတယ်။

အခုကူညီမဲ့ ပမာဏနဲ့ဆိုရင် ၂ဝ၂၄ ခုနှစ်အတွင်း အာရှ-ပစိဖိတ်ဒေသအတွက် ဥရောပသမဂ္ဂက လူသားချင်းစာနာမှုအကူအညီပေးတာ စုစုပေါင်း ယူရို ၉၅ သန်းနီးပါး ရှိသွားပြီလို့လည်း ဖော်ပြပါတယ်။

ဒါ့အပြင် အာရှ-ပစိဖိတ်ဒေသမှာ ရာဂီမုန်တိုင်းဒဏ်ခံခဲ့ရသူတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို ပို့ဆောင်ဖို့ပြင်ဆင်နေပြီး လာအိုနိုင်ငံကိုတော့ မကြာခင်ရက်ပိုင်းအတွင်း ရောက်ရှိမယ်လို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်နေ့ကလည်း မြန်မာနိုင်ငံအတွင်း ရာဂီမုန်တိုင်းကြောင့် ရေဘေးသင့်ခဲ့ရသူတွေအတွက် လူသားချင်းစာနာမှု အရေးပေါ်အကူအညီအဖြစ် ယူရိုငွေ ၁.၂ သန်း ကူညီမယ်လို့  ဥရောပသမဂ္ဂက ထုတ်ပြန်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org