The Straits Times သတင်းစာ အမှားပြင်ပေးဖို့ မြန်မာသံရုံး တောင်း ဆိုထား
စင်္ကာပူနိုင်ငံက Punggol လို့ခေါ်တဲ့ ပန်းခြံ မှာ ယာယီတဲထိုးပြီး ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေသူတွေ ထဲမှာ မြန်မာနိုင်ငံသားတွေပါဝင်နေ တယ်ဆိုပြီး စင်ကာပူနိုင်ငံထုတ် The Straits Times သတင်းစာက ဆောင်းပါးရေးသားဖော်ပြချက်ဟာ မှား ယွင်းကြောင်း သက်ဆိုင်ရာနယ်မြေခံရဲတပ်ဖွဲ့ရဲ့ အတည်ပြု ချက်ရယူ ပြီးဖြစ်တယ်လို့ စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံး က သံမှူး ဒေါ်ထွေးထိပ်တင်လွင်က ပြောပါတယ်။
-
2016-04-27 -
-
-
စင်္ကာပူနိုင်ငံက Punggol လို့ခေါ်တဲ့ ပန်းခြံမှာ ယာယီတဲထိုးပြီး ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေသူတွေထဲ မှာ မြန်မာနိုင်ငံသားတွေ ပါဝင်နေတယ်ဆိုပြီး စင်ကာပူနိုင်ငံထုတ် The Straits Times သတင်းစာ က ဆောင်းပါးရေးသားဖော်ပြချက်ဟာ မှားယွင်းကြောင်း သက်ဆိုင်ရာနယ်မြေခံ ရဲတပ်ဖွဲ့ရဲ့ အတည်ပြုချက် ရယူပြီးဖြစ်တယ်လို့ စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးကသံမှူး ဒေါ်ထွေးထိပ်တင်လွင်က ပြောပါတယ်။
မြန်မာသံရုံးက တာဝန်ရှိသူတွေက ဒီနေ့ ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေနဲ့တွေ့ဆုံခဲ့ပြီး အဲ့ဒီလို လုပ်ကိုင်သူတွေထဲ မှာ မြန်မာနိုင်ငံသားတွေ မပါဝင်ကြောင်း အတည်ပြုချက် ရယူခဲ့တာ ဖြစ်တယ်လို့ သံမှူး ဒေါ်ထွေးထိပ်တင်လွင် က ပြောပါတယ်။
"ကျနော်တို့ ၂ နာရီခွဲတုန်းက နယ်မြေပိုင်ရဲမှူးနဲ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်၊ ဒါဒုတိယအကြိမ် သွားရောက်တွေ့ ဆုံတာပါ၊ တွေ့ဆုံတဲ့အခါကျတော့ သူတို့ဘက်က နှုတ်ဖြင့်ဆွေးနွေးချက်အရ မြန်မာနိုင်ငံသား တစ်ယောက်မှ ပါဝင်ပတ်သက်ခြင်းမရှိပါဘူး၊ သူတို့ တရားဝင်စာပို့ပေးပါမယ်၊ ကျနော့်ရဲ့ကောင်စစ်လုပ်ငန်း ၃ နှစ် တာပေါ့နော် ကိစ္စရပ်တွေမှာ ကျနော် အကျဉ်းထောင်တွေထဲမှာ သွားတွေ့ရတာတို့၊ လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ အကျဉ်းစခန်း ကနေ သွားတွေ့ရတာတို့ ဒီအတွေ့အကြုံတွေ အရ ပြည့်တန်ဆာလုပ်ငန်းနဲ့ ပတ်သက် ပြီးတော့ မြန်မာနိုင်ငံသား အမျိုးသမီးတွေ တစ်ယောက်မှ ပါဝင်ပတ်သက်ခြင်း မရှိပါဘူး"
ဒါ့အပြင် The Straits Times သတင်းစာတိုက်ထံ ဆောင်းပါးကို ပြင်ဆင်ရေးသားပေးဖို့ မြန်မာသံရုံး ဘက်က အကြောင်းကြားစာပေးပို့ထားပြီး သတင်းရေးသား သူထံလည်း အမှားပြင်ဆင်ချက်ရေးသားဖို့ အသိပေးထား တယ်လို့ ပြောပါတယ်။
စင်ကာပူနိုင်ငံရဲ့ ပြည့်တန်ဆာလုပ်ငန်းတွေမှာ မြန်မာနိုင်ငံသားတွေ ပါဝင်ပတ်သက်နေတယ်ဆိုပြီး အခုလ ၂၅ ရက်နေ့ထုတ် The Straits Times သတင်းစာ မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။
အဲဒီလိုသတင်းစာက ဖော်ပြခဲ့တာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသားတွေက မကျေနပ်မှုတွေရှိတာကြောင့် သံရုံးဘက် က စုံစမ်းစစ်ဆေးမှုတွေကို မြန်မြန်ဆန်ဆန် ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
ဆောင်းပါးရေးသားသူထံ သံရုံးဘက်က ဆက်သွယ်မေးမြန်းရာမှာ ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်သူတွေရဲ့ ဖြေ ကြားချက်အရ မြန်မာနိုင်ငံသားတွေ ပါဝင်တယ်လို့ သိရတာကြောင့် ထည့်သွင်းရေးသားခဲ့တာဖြစ်တယ် လို့ ပြောကြောင်း သံမှူးဒေါ်ထွေးထိပ်တင်လွင်က ပြောပါတယ်။