ထိုင်းမှာ မြန်မာတစ်ဦး ညှဉ်းပန်းနှိပ်စက်ခံရပြီးသေဆုံးခဲ့ရမှုကို အရေးယူပေးဖို့ Fortify Rights တောင်းဆို

ထိုင်း-မြန်မာနယ်စပ်အနီးမှာ မြန်မာနိုင်ငံသားတစ်ဦးကို ထိုင်းစစ်သားတွေက အသက်သေဆုံးစေတဲ့အထိ ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ဖြစ်ရပ်ကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်ပေးဖို့ ထိုင်းအစိုးရကို အရှေ့တောင်အာရှအခြေစိုက် လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Fortify Rights က နိုဝင်ဘာလ ၁၄ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။

ထိုင်းစစ်သားတစ်ဦးအား ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင်တွင် ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့က တွေ့ရစဉ်။ Lillian SUWANRUMPHA / AFP

ထိုင်း-မြန်မာနယ်စပ်အနီးမှာ မြန်မာနိုင်ငံသားတစ်ဦးကို ထိုင်းစစ်သားတွေက အသက်သေဆုံးစေတဲ့အထိ ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ဖြစ်ရပ်ကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်ပေးဖို့ ထိုင်းအစိုးရကို အရှေ့တောင်အာရှအခြေစိုက် လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Fortify Rights က နိုဝင်ဘာလ ၁၄ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။

ထိုင်းနိုင်ငံ၊ မဲဆောက်ခရိုင်၊ တာ့ခ်ပြည်နယ်မှာ အသက် ၃၇ နှစ်အရွယ် ကိုအောင်ကိုကို ကို ထိုင်းစစ်သား လေးဦးက ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့က ဖမ်းဆီးခဲ့ပြီး သေဆုံးတဲ့အထိ ရိုက်နှက်ညှဉ်းပန်းခဲ့တယ်လို့ Fortify Rights က နိုဝင်ဘာလ ၁၄ ရက်နေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဒီသေဆုံးမှုနဲ့ပတ်သက်ပြီး မျက်မြင်သက်သေတစ်ဦးဖြစ်တဲ့ မြန်မာနိုင်ငံသားတစ်ဦးကိုသာ ရုံးတင်စစ်ဆေးခဲ့ပြီး ပြစ်ဒဏ်ချမှတ်ခဲ့တာကလည်း ထိုင်းရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုအပေါ် မေးခွန်းထုတ်စရာဖြစ်တယ်လို့ ဆိုပါတယ်။

ကိုအောင်ကိုကို သေဆုံးမှုအတွက် တိုက်ရိုက်တာဝန်ရှိတဲ့ စစ်သားတွေကို နှောင့်နှေးမှုမရှိဘဲ တရားဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သင့်တယ်လို့ Fortify Rights ရဲ့ အမှုဆောင်အရာရှိချုပ် Matthew Smith က အစီရင်ခံစာထဲမှာ ပြောကြားထားပါတယ်။

Fortify Rights က ရရှိထားတဲ့ မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်တွေအရ ကိုအောင်ကိုကို ကို ဖမ်းဆီးခဲ့တဲ့ ထိုင်းစစ်သား လေးဦးထဲက သုံးဦးဟာ ကိုအောင်ကိုကို ကို ဝါးရင်းတုတ်နဲ့ တုတ်ကျိုးတဲ့အထိ အချက်ပေါင်းများစွာ ရိုက်နှက်ခဲ့တယ်လို့ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံမှာနေထိုင်တဲ့ ကိုအောင်ကိုကိုဟာ ထိုင်းအာဏာပိုင်တွေက စီစဉ်လေ့ကျင့်သင်ကြားပေးထားတဲ့ ရပ်ရွာလူထုအခြေပြု လုံခြုံရေးတပ်ဖွဲ့ ချော်ရော်ဘော်(Chor Ror Bor) ရဲ့ စေတနာ့ဝန်ထမ်းဟောင်းတစ်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။

ကိုအောင်ကိုကိုဟာ ချော်ရော်ဘော် အပေါ်ထပ်အင်္ကျီကို ဝတ်ထားတာကြောင့် ထိုင်းစစ်သားတွေက ဖမ်းဆီးစစ်ဆေးရာက အခုလိုသေဆုံးတဲ့အထိ ဖြစ်ပွားခဲ့တာလို့ Fortify Rights အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org