တရုတ်စစ်တပ်က မြန်မာနယ်စပ်ကို ပိုမိုတင်းကျပ်ထား

မြန်မာနိုင်ငံနယ်စပ်ဒေသကို လုံခြုံရေး ပိုမိုတင်းကျပ်လိုက်ကြောင်း တရုတ် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြော ကြားလိုက်ပါတယ်။

မြန်မာ-တရုတ်နယ်စပ် ရွှေလီတံတားဝင်ပေါက်ကို တွေ့ရစဉ် Photo: Kan Thar/RFA

မြန်မာနိုင်ငံနယ်စပ်ဒေသကို လုံခြုံရေးပိုမိုတင်းကျပ်လိုက်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားလိုက်ပါတယ်။ တရုတ်တပ်ဖွဲ့တွေဟာ နယ်စပ်ဒေသရှိ တရုတ်အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး နယ်စပ်ကို စောင့်ကြည့်နေသလို လတ်တလောတိုက်ပွဲတွေကြောင့် မြန်မာပြည်က ထွက်ပြေးလာသူတွေကို လည်း စောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။

အရေးပေါ်အခြေအနေ တစ်စုံတရာပေါ်လာရင် တုန့်ပြန်ဖို့အတွက် တရုတ်တပ်ဖွဲ့တွေကို အဆင်သင့်ပြင်ထားတယ် လို့လည်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူ ရန်ယူချွန်းက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org