လူကုန်ကူးမှု တားဆီးရေး မြန်မာအနိမ့်ဆုံး အဆင့်ရောက်

လူကုန်ကူးမှုတိုက်ဖျက်ရေးမှာ တာဝန်ယူဖြေရှင်းဖို့ ဆိုးဆိုးဝါးဝါး ပျက်ကွက်တဲ့ ကမ္ဘာ့နိုင်ငံများစာရင်းမှာ မြန်မာနိုင်ငံကို အနိမ့်ဆုံးအဆင့် ၃ မှာ သတ်မှတ် ထည့်သွင်းဖို့ အမေရိကန်ပြည်ထောင်စုက ဆုံးဖြတ် လိုက်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနအရာရှိတွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဒီကနေ့ ရေးသားဖော်ပြလိုက် ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန်တစ်ခုက အလုပ်သမားတချို့ကို တွေ့ရစဉ်

လူကုန်ကူးမှုတိုက်ဖျက်ရေးမှာ တာဝန်ယူဖြေရှင်းဖို့ ဆိုးဆိုးဝါးဝါး ပျက်ကွက်တဲ့ ကမ္ဘာ့နိုင်ငံများစာရင်းမှာ မြန်မာနိုင်ငံ ကို အနိမ့်ဆုံးအဆင့် ၃ မှာ သတ်မှတ် ထည့်သွင်းဖို့ အမေရိကန်ပြည်ထောင်စုက ဆုံးဖြတ် လိုက်တယ်လို့ အမေရိ ကန်နိုင်ငံခြားရေးဌာနအရာရှိတွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဒီကနေ့ ရေးသားဖော်ပြလိုက်ပါတယ်။

လူကုန်ကူးမှု တိုက်ဖျက်ရေးပျက်ကွက်တဲ့ အဆင့် ၃ နိုင်ငံတွေကို အမေရိကန်အစိုးရကပေးတဲ့ နှစ်စဉ် ဖွံ့ဖြိုးရေး အကူညီတွေကို ရပ်ဆိုင်းပြီး အရေးယူလေ့ရှိပါ တယ်။

အမေရိကန်အစိုးရက အခုလို အဆင့်နှိမ့်ချလိုက်တာဟာ အဓိကအားဖြင့် ပြည်သူတွေအပေါ်မှာပဲ ဆိုးကျိုး သက်ရောက်စေပါတယ်လို့ မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ (ဗဟို) ကနေ မကြာခင်ကမှ အငြိမ်းစားယူခဲ့တဲ့ ဒုရဲမှူးကြီးဟောင်း ဦးခင်မောင်လတ်က RFA ကို ပြောပါတယ်။

"ဒီလိုလုပ်လိုက်တာက ပြည်သူတွေကိုပဲ ဒုက္ခရောက်စေချင်တာပေါ့၊ အရင်ကဆိုရင် ရွှေပြည်သာမှာ အထည် ချုပ်စက်ရုံတွေ အများကြီးရှိတယ်၊ ဒီစက်ရုံတွေ ကိုပိတ်လိုက်တဲ့အတွက် မြန်မာပြည်က စက်ရုံကထွက်တဲ့ အဝတ်အထည်တွေကို အနောက်နိုင်ငံတွေက အားမပေးဖို့ဆိုတော့ ဒီစက်ရုံတွေက ထိုင်းနယ်စပ် ကိုရောက်သွားတော့၊ အထည်ချုပ်စက်ရုံဆိုတာ အမျိုးသမီးတွေ များတယ်လေ၊ ဒီအမျိုးသမီးတွေက အလုပ် လက်မဲ့ဖြစ်ကုန်တယ်၊ ဒီအမျိုးသမီးတွေက တရုတ်ပြည် သွားတာတို့၊ ထိုင်းနိုင်ငံသွားတာတို့လုပ်လိုက်တော့၊ သူများနိုင်ငံကိုသွားတော့ ခေါင်းပုံဖြတ်မှုတွေ ပိုဖြစ်ကုန်တာပေါ့နော်၊ ဒါပါပဲ"

ကြာသပတေးနေ့မှာ တရားဝင်ထုတ်ပြန်မယ့် အမေရိကန်နိုင်ငံခြားရေးဌာန နှစ်ပတ်လည် လူကုန်ကူးမှု TIP အစီ ရင်ခံစာမှာ မြန်မာနိုင်ငံကို လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ တာဝန်ယူဖြေရှင်းဖို့ ဆိုးဆိုးဝါးဝါး ပျက်ကွက်တဲ့ နိုင်ငံများ အဆင့်ကို လျော့ချဖို့ ဆုံးဖြတ်ထားတဲ့အကြောင်း ဝါရှင်တန်ဒီစီက နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတစ်ဦးနဲ့ ဒီကိစ္စ အပေါ် ကြိုတင်အကြောင်းကြားခံထားရတဲ့ ထိုင်းနိုင်ငံ ဘန်ကောက် အခြေစိုက် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုက အရာရှိ တစ်ဦးကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ မြန်မာအစိုးရသစ်နဲ့ အုပ်ချုပ်ရေးအာဏာရှိနေဆဲဖြစ်တဲ့ မြန်မာ့တပ် မတော်ကို ကလေးစစ်သားစုဆောင်း မှု လျော့ချရေးနဲ့ အဓမ္မလုပ်အားပေးခိုင်းစေတာတွေ လျော့ချရေးတွေအတွက် ဖိအားပေးလိုက်တာဖြစ်တယ်လို့ ရိုက်တာသတင်းက ရေးပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်က မွတ်စလင်တွေအရေး အတွက်လည်းပါဝင်နိုင်တယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး လူကုန်ကူးမူတိုက်ဖျက်ရေးဗဟိုက ရဲမှူးကြီး သက်နောင် ကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org