မြိုင်ကြီးငူက ဒုက္ခသည်တွေ စားနပ်ရိက္ခာ လိုအပ်နေ

ပြီးခဲ့တဲ့ စက်ဘာလနဲ့ အောက်တိုဘာလ အတွင်း တိုက်ပွဲတွေကြောင့် ကရင်ပြည် နယ် မြိုင်ကြီးငူဒေသမှာ ထွက်ပြေး တိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် ၅ ထောင်ကျော် အတွက် စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ မြိုင်ကြီးငူ စစ်ဘေးဒုက္ခသည်စခန်းရဲ့တာဝန်မှူး ဦးစောဦး က ပြော ပါတယ်။

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မဲသဝေါဒေသက တိုက်ပွဲတွေကြောင့် မြိုင်ကြီးငူဒေသမှာ ခိုလှုံနေရတဲ့ စစ်ဘေးဒုက္ခသည်တွေ ကို တွေ့ရစဉ် Photo: Kyaw Lwin Oo/RFA

ပြီးခဲ့တဲ့ စက်ဘာလနဲ့ အောက်တိုဘာလအတွင်း တိုက်ပွဲတွေကြောင့် ကရင်ပြည်နယ် မြိုင်ကြီးငူ ဒေသမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် ၅ ထောင်ကျော်အတွက် စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ မြိုင်ကြီးငူ စစ်ဘေးဒုက္ခသည်စခန်းရဲ့တာဝန်မှူး ဦးစောဦး က ပြောပါတယ်။

ဒုက္ခသည်တွေအတွက် အလှူရှင်တွေ နည်းပါးနေသလို ၁၅ ရက်စာလောက်ပဲ ဆန် ကျန်တော့တယ် လို့ ဦးစောဦးက ပြောပါတယ်။

"နည်းလာတာပေါ့။ ရိက္ခာက သူများမပို့ထာကြာပြီ။ လက်ကျန်ရှိတာနဲ့ အခုစားနေတာ။ ရိက္ခာအားလုံးပေါင်း ကျနော်တို့ ဌာနမှာ အခု သုံးရာ (ဆန်အိတ် သုံးရာ) ပဲကျန်တော့တယ်။ သုံးရာဆိုတော့ ကျနော်တို့ ဥစ္စာကတော့ ၁၅ ရက်စာတော့ ရသေးတာပေါ့။ အစိုးရတော့ လှူဖို့ မရှိသေးဘူး"

စားနပ်ရိက္ခာအကူအညီတွေ ရရှိဖို့အတွက် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနထံ အကူအညီတောင်းဖို့ စီစဉ်နေတယ်လို့လည်း ဦးစောဦးက ပြောပါတယ်။

ကရင်ပြည်နယ် မဲသဝေါဒေသမှာ ပြီးခဲ့တဲ့ စက်တင်ဘာ လဆန်းပိုင်းကစပြီး တပ်မတော်နဲ့ DKBA ခွဲထွက်အဖွဲ့တို့ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် အဲဒီဒေသက ဒေသခံတွေဟာ မြိုင်ကြီးငူ ဒေသကို လာရောက်ပြီး ခိုလှုံနေကြရတာဖြစ်ပါတယ်။

လက်ရှိမှာ တိုက်ပွဲတွေ ငြိမ်သက်သွားပြီဖြစ်ပေမယ့် မိုင်းအန္တရာယ်ကို စိုးရိမ်တဲ့အတွက် ဒုက္ခသည် တွေက နေရပ်မပြန်ရဲကြသေးဘူးလို့လည်း ဦးစောဦး က ပြောပါတယ်

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org