မွတ်စလင်များ နေရာချထားရေး အစီအစဉ် ရခိုင်များလက်မခံ

ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ဒုက္ခသည် စခန်းတွေက မွတ်စလင်တွေကို မွတ်စလင်ကျေးရွာတွေမှာ ခွဲပြီး နေရာချထားပေးမယ့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ အစီအစဉ်ကို လက်မခံကြောင်း စစ်တွေမြို့ အခြေစိုက် သံဃာ့အဖွဲ့အစည်းတွေ၊ မြို့ခံလူကြီးတွေနဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက နိုင်ငံတော်သမ္မတထံ စာရေးသား တင်ပြသွားမယ်လို့ သိရပါတယ်။

စစ်တွေမြို့နယ် ဒါးပိုင်ကျေးရွာ မွတ်စလင် ဒုက္ခသည်စခန်းပုံ photo: RFA/ Min Thein Aung

ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ဒုက္ခသည်စခန်းတွေက မွတ်စလင်တွေကို မွတ်စလင်ကျေးရွာတွေမှာ ခွဲပြီး နေရာချထားပေးမယ့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ အစီအစဉ်ကို လက်မခံကြောင်း စစ်တွေမြို့ အခြေစိုက် သံဃာ့အဖွဲ့အစည်းတွေ၊ မြို့ခံလူကြီးတွေနဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက နိုင်ငံတော်သမ္မတထံ စာရေး သားတင်ပြသွားမယ်လို့ သိရပါတယ်။

စစ်တွေမြို့စေတနာမိုးခန်းမမှာ မနေ့က ကျင်းပတဲ့ အစည်းအဝေးမှာ ဆုံးဖြတ်လိုက်တာဖြစ်ကြောင်း အစည်းအဝေးတက်ရောက်ခဲ့တဲ့ စစ်တွေမြို့လူကြီး တစ်ဦးဖြစ်သူ ဦးသန်းထွန်းက ပြောပါတယ်။

"စစ်တွေမြို့ခံတွေအနေနဲ့ ရိုဟင်ဂျာဆိုတဲ့လူတွေကို ထိန်းသိမ်းရေးစခန်းမှာပဲထားပါ၊ အစိုးရဆီက မှတ်တမ်းမှတ်ရာ သက်သေအထောက်အထား တစ်စုံတစ်ရာရှိတဲ့လူတွေကို အခုလောလောဆယ် လက်ရှိနေရာမှာယာယီထားပါ၊ ကျန်တဲ့သူတွေကို ထိန်းသိမ်းရေးစခန်းထဲကိုပို့ပါ၊ ထိန်းသိမ်းရေးစခန်း ထဲမှာထည့်ဖို့ သို့သော်လူများနေပြီဆိုရင် အဲ့ဒါကို ပြည်ထောင်စုမြန်မာနိုင်ငံထဲမှာရှိတဲ့ လုံခြုံရေးအရ သင့်တော်တဲ့ အခြားတိုင်းနဲ့ ပြည်နယ်တွေကိုလည်းခွဲပြီးပို့ပေးပါဆိုတဲ့ သမ္မတကြီးဆီကို ပို့မယ့်မေတ္တာ ရပ်ခံချက်ပေါ်မှာ အစည်းအဝေးပြုလုပ်ကြတာဖြစ်ပါတယ်၊ ဆုံးဖြတ်တာလည်း အဲ့ဒီအတိုင်း ဆုံးဖြတ်ကြ ပါတယ်"

ရခိုင်ပြည်နယ်အစိုးရက ဒုက္ခသည်စခန်းအသီးသီးမှာရှိတဲ့ မွတ်စလင်တွေကို မွတ်စလင်ကျေးရွာတွေမှာ နေရာခွဲချ ထားပြီး ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဖြစ်မှုဥပဒေနဲ့အညီ စီစစ်ခြင်းလုပ်ငန်းတွေ ဆောင်ရွက်သွားမယ်လို့ စစ်တွေမြို့၊ မြို့မိမြို့ဖတွေကို အသိပေးပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ၊် မြေပုံမြို့နယ်ကစပြီး ၁၉၈၂ခုနှစ် နိုင်ငံသားဥပဒေအရ အစိုးရက နိုင်ငံသားဖြစ်၊ မဖြစ် စတင် စိစစ်နေတာဖြစ်ပြီး မြေပုံမြို့နယ်မှာအာင်မြင်ရင် ကျန်တဲ့မြို့နယ်တွေမှာလည်း အလားတူစိစစ်သွားမယ် လို့ ကြေညာထားပါတယ်။

ဒီအတောအတွင်း ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ကာဒီကျေးရွာက မွတ်စလင် ၃၉ ဦးလိုက်ပါသွား တဲ့ စက်လှေတစ်စီးဟာ ကျောက်တော်မြို့နယ် ပေါင်းတုတ်ကျေးရွာမှာ ဈေးဝယ်သွားစဉ် လမ်းခုလတ် မှာ ဝမ်းဗိုက်ပေါက်ပြီး နစ်မြုပ်ခဲ့လို့  လူ ၁၂ ဦးသေဆုံးပြီး ၃ ဦး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

သေဆုံးသူ ၁၂ ဦးဟာ ပုဏ္ဏားကျွန်းမြို့နယ် ကာဒီ၊ ရွာညာ၊ အင်ဘာရီ စတဲ့ မွတ်စလင်ကျေးရွာတွေက ဖြစ်ပြီး အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၂ ဦးတို့ ပျောက်ဆုံးနေတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org