ရွှေစင်စြင်္ကာယာဉ်လိုင်းကို အစိုးရရုပ်သံ ဥပဒေကြောင်းအရ တုန့်ပြန်မည်
အဝေးပြေး ရွှေစင်စြင်္ကာခရီးသည်တင်ယာဉ်လိုင်းက အလဲဗင်းနေ့စဉ် (Eleven Daily) သတင်းစာမှာ ဖော်ပြခဲ့တဲ့ အသိပေးစာဟာ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားသတင်းဌာန ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတာကြောင့် ရွှေစင်စြင်္ကာ ယာဉ်လိုင်းကို တရားဥပဒေအရ ဆက်လက်ဆောင်ရွက် သွားမယ်လို့ MRTV မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားသတင်း ဌာနက ဒီနေ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
-
2015-04-25 -
-
-
အဝေးပြေး ရွှေစင်စြင်္ကာခရီးသည်တင်ယာဉ်လိုင်းက Eleven Daily သတင်းစာမှာ ဖော်ပြခဲ့တဲ့ အသိပေးစာဟာ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားသတင်းဌာနရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေ တာကြောင့် ရွှေစင်စြင်္ကာယာဉ်လိုင်းကို တရားဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမယ်လို့ MRTV မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားသတင်းဌာနက ဒီနေ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
MRTV က အဲ့ဒီသတင်းကို ဖော်ပြခဲ့တာမရှိဘူးလို့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား ညွှန်ကြားရေးမှူး ဦးမျိုးမြင့်အောင် က ပြောပါတယ်။
"ရွှေစင်စြင်္ကာနဲ့ ရွှေစြင်္ကာဆိုပြီးတော့ မှားကြတယ် သိကြတယ်ဆိုတဲ့ကိစ္စက ကျနော်တို့သိပါတယ်၊ ဒါပေမဲ့ MNTV နဲ့ ရွှေစင်စြင်္ကာလိုင်းနဲ့ ဖြစ်ကြတာပေါ့နော်၊ အဲ့ဒါလေးကို သူတို့ဘက်က MRTV ရဲ့ ချန်နယ်မှာ ထုတ်လွှင့်တယ်ဆိုပြီး ဖော်ပြလာတာပေါ့၊ ဦးတို့အနေနဲ့ ထုတ်လွှင့်ဖော်ပြခဲ့ခြင်မရှိခဲ့တာတော့ ဂုဏ်သိက္ခာအရ ထိခိုက်စရာပြောလာတဲ့အတွက်ကြောင့် တရားဥပဒေအတိုင်းပဲ ဆက်လက်ဆောင်ရွက် သွားပါမယ်ဆိုတဲ့အကြောင်းပဲ ဖော်ပြထားပါတယ်"
ရွှေစင်စြင်္ကာယာဉ်လိုင်းရဲ့ အသိပေးစာမှာ ဖော်ပြခဲ့တာက နေပြည်တော် အမြန်လမ်းမှာဖြစ်ခဲ့တဲ့ ယာဉ်တိုက်မှု ဟာ ရွှေစင်စြင်္ကာယာဉ်လိုင်းဆိုပြီး Skynet ၊ MRTV ၊ MRTV 4၊ 4 Digital တို့က မှားယွင်းဖော်ပြခဲ့တာကြောင့်ဆိုပြီး ၂ လအတွင်း လျော်ကြေးငွေပေးဖို့ နဲ့ ပျက်ကွက်ခဲ့ရင် တရားစွဲတောင်းခံသွားမယ်ဆိုပြီး ဖော်ပြခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့က နေပြည်တော်အမြန်လမ်းမှာ ရွှေစြင်္ကာနဲ့ မန်းရာဇာ အဝေးပြေးကားနှစ်စီး ယာဉ်တိုက်မှုဖြစ်ပွားခဲ့တာပါ။
ဒါ့အပြင် ရွှေစင်စြင်္ကာအဝေးပြေးယာဉ်လိုင်းက အဲ့ဒီသတင်းမှားယွင်းဖော်ပြခဲ့တယ်ဆိုပြီး Sky Net လက်အောက်ခံ ဒီမိုကရေစီတူဒေး နေ့စဉ်သတင်းစာက လျော်ကြေးငွေ ကျပ်သိန်းပေါင်း ၆ဝဝဝ ပေးဖို့နဲ့ MNTV ရုပ်သံသတင်းဌာန က ကျပ်သိန်းပေါင်း ၁ သောင်းပေးဖို့ တောင်းဆိုထားပါတယ်။