မြန်မာကို ကမ္ဘာလှည့် လာရောက်မှု ၃% မြင့်တက်ခဲ့
မြန်မာနိုင်ငံကို ပြီးခဲ့တဲ့နှစ်ထဲ လာရောက်လည်ပတ်ကြတဲ့ ကမ္ဘာလှည့်ခရီးသွားဦးရေ မြင့်တက်ခဲ့တယ်လို့ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။
-
2019-01-18 -
-
-
မြန်မာနိုင်ငံကို ပြီးခဲ့တဲ့နှစ်ထဲ လာရောက်လည်ပတ်ကြတဲ့ ကမ္ဘာလှည့်ခရီးသွားဦးရေ မြင့်တက်ခဲ့တယ်လို့ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာမှာ ကုန်ဆုံးသွားတဲ့ ၁၂ လတာ ကာလအတွင်း မြန်မာနိုင်ငံကို လာရောက်လည်ပတ်သူ ခရီးသွားဦးရေဟာ ၃ % အထိ မြင့်တက်ခဲ့တဲ့အတွက် ခရီးသွားဦးရေ ၁ ဒဿမ ၄ သန်း ရှိခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ တုန်းက မြန်မာနိုင်ငံကို လာရောက် လည်ပတ်သူဦးရေ ၁ ဒသမ ၁ သန်းသာ ရှိခဲ့တာပါ။
မြန်မာနိုင်ငံကို မနှစ်က အများဆုံး လာရောက်လည်ပတ်ခဲ့တဲ့နိုင်ငံကတော့ အမေရိကန်ဖြစ်ပြီး ၆ သောင်း ၅ ထောင်ကျော် ရှိခဲ့တာပါ။ ဒုတိယအများဆုံးကတော့ ဥရောပနိုင်ငံတွေဖြစ်ကြတဲ့ ပြင်သစ်၊ ဗြိတိန်နဲ့ ဂျာမနီဖြစ်ပါတယ်။
အာရှကဆိုရင်တော့ မြန်မာနိုင်ငံကို လာရောက်လည်ပတ်သူ ၁ သန်းကျော်ရှိခဲ့တာပါ။ တရုတ်နိုင်ငံက အများဆုံးဖြစ်ပြီး၊ ထိုင်း၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ စင်္ကာပူနိုင်ငံတွေက ဖြစ်ကြပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေးပြဿနာတွေအပြင် ဒေါ်လာဈေးမတည်ငြိမ်မှုနဲ့ ရေကြီးမှုလို သဘာဝဘေးအန္တရာယ်တွေရှိခဲ့ပေမဲ့ ကမ္ဘာလှည့်ခရီးသွားဦးရေကတော့ မြင့်တက်လာနေတာလည်း ဖြစ်ပါတယ်။