မိုးညှင်းဒေသခံ ၁၅၀ ခန့် KIA ကို ကန့်ကွက်ဆန္ဒပြ

ကချင်လွတ်မြောက်ရေး တပ်မတော် KIA က ရှမ်းမျိုးနွယ်စုတွေကို မတရားဖမ်းဆီး ညှင်းပမ်းနှိပ်စက် သတ်ဖြတ်တာတွေ၊ ငွေကြေးကောက်ခံတာတွေနဲ့ ကလေးစစ်သား စုဆောင်းနေတာတွေကို ရပ်ဆိုင်းပေးဖို့ မြန်မာပြည်မြောက်ပိုင်း သျှမ်းမျိုးနွယ်စု ရေးရာအဖွဲ့ SEA က ဦးဆောင်ပြီး မိုးညှင်းဒေသခံ တစ်ရာငါးဆယ်ခန့်ဟာ မြို့ပေါ်မှာ ဒီနေ့လှည့်ပြီး ဆန္ဒပြခဲ့ပါတယ်။

KIA ကို မိုးညှင်းမြို့ခံတွေ ၂၀၂၁ ဇန်နဝါရီ ၂၆ ရက်နေ့က ဆန္ဒပြစဉ် Photo: CJ

ကချင်လွတ်မြောက်ရေး တပ်မတော် KIA က ရှမ်းမျိုးနွယ်စုတွေကို မတရားဖမ်းဆီး ညှင်းပမ်းနှိပ်စက် သတ်ဖြတ်တာတွေ၊ ငွေကြေးကောက်ခံတာတွေနဲ့ ကလေးစစ်သားစုဆောင်းနေတာတွေကို ရပ်ဆိုင်းပေးဖို့ မြန်မာပြည်မြောက်ပိုင်း သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့ SEA က ဦးဆောင်ပြီး မိုးညှင်းဒေသခံ ၁၅၀ ခန့်ဟာ မြို့ပေါ်မှာ ဒီနေ့လှည့်ပြီး ဆန္ဒပြခဲ့ပါတယ်။

KIA ပြောရေးဆိုခွင့်ရှိသူတွေနဲ့ တွေ့ဆုံညှိနှိုင်းတာတွေ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့တွေကို ပြောဆို ညှိနှိုင်းထားပေမယ့် KIA အဖွဲ့က ဆက်လက်လုပ်ဆောင်နေတာကြောင့် နောက်ထပ်မလုပ်ဖို့ လူထုအားနဲ့ ဆန္ဒပြတောင်းဆိုတာလို့ SEA အဖွဲ့ ဒုဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောပါတယ်။

မြန်မာပြည်မြောက်ပိုင်း သျှမ်းမျိုးနွယ်စုရေးရာအဖွဲ့က ကောက်ယူထားတဲ့ စာရင်အရ ၂၀၁၁ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အတွင်း KIA က ဖမ်းဆီး ညှင်းပမ်းနှိပ်စက်၊ သတ်ဖြတ်တာတွေ ဆပ်ကြေးကောက်ခံတာ၊ ကလေးစစ်သား စုဆောင်းခံရသူအပါအဝင် စုစုပေါင်း ၆၀၀ ကျော်ရှိခဲ့ပါတယ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆည်ဇင်း ကျေးရွာက ဆံရှည် (ခေါ်) ဦးသိန်းဝင်း ဆိုသူကိုလည်း KIA က ဒီဇင်ဘာ ၂၆ ရက်နေ့မှာ ဖမ်းဆီးသွားပြီး ဇန်နဝါရီ ၂ ရက်နေ့က သတ်ဖြတ်လိုက်တယ်လို့လည်း ဦးခင်မောင်အေးက ပြောပါတယ်။

ရှမ်းတိုင်းရင်းသားတွေက KIA အဖွဲ့ကို ဆန္ဒပြတောင်းဆိုတာနဲ့ ဦးသိန်းဝင်းသေဆုံးမှုနဲ့ ပတ်သက်ပြီး ကချင်လွတ်မြောက်ရေးအဖွဲ့ KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ ကို RFA က မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

KIA အဖွဲ့က သေဆုံးသူရဲ့ မိသားစုကို ပြောရာမှာတော့ ဦးသိန်းဝင်းဟာ မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲ တာကြောင့် သေဆုံးတာလို့ ပြောထားပါတယ်။

ဒီနေ့ဆန္ဒပြသူတွေက မိုးညှင်းမြို့အတွင် စီတန်းလှည့်လည်ပြီး သတ်ဖြတ်ခံရသူတွေအတွက် ရည်စူးကာ ဆွမ်းကပ်အမျှဝေတာနဲ့ ဟောပြောတာတွေကိုလည်း ပြုလုပ်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org