၆၄ ကြိမ်မြောက် မွန်အမျိုးသားနေ့ အရပ်ရပ်မှာ ကျင်းပ
၆၄ ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကို အမေရိကန် ပြည်ထောင်စု Utah ပြည်နယ် Salt Lake City မြို့မှာ မွန်ယဉ်ကျေးမှု ကပွဲ၊ ဟောပြောပွဲတွေနဲ့ မနေ့က စည်စည်ကားကား ကျင်းပခဲ့ပါတယ်။
-
2011-02-20 -
-
-
၆၄ ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကို အမေရိကန်ပြည်ထောင်စု Utah ပြည်နယ် Salt Lake City မြို့တွင် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့က လုပ်ခဲ့ပါသည်။
အခမ်းအနားကို Utah ပြည်နယ်မှာ နေထိုင်ကြတဲ့ မြန်မာ တိုင်းရင်းသား လူမျိုးစုတွေအပြင် ပြည်နယ် အစိုးရ အရာရှိတွေလည်း တက်ရောက်ခဲ့တယ်လို့ စီစဉ်သူ ကိုဝန်ချိုင်က ပြောပါတယ်။
Utah ပြည်နယ် Salt Lake City မြို့မှာ မွန်လူမျိုး လေးဆယ်ကျော်လောက် အခြေချ နေထိုင်နေပြီး အမေရိကန် တနိုင်ငံလုံးမှာ မွန်လူမျိုး နှစ်ထောင်ကျော်လောက် ရှိနေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာတော့ မွန်အမျိုးသားနေ့ အခမ်းအနားတွေကို အလှည့်ကျ ကျင်းပနေရာမှာ အခုနှစ် အခမ်းအနားကို သံဖြူဇရပ်မြို့မှာ ကျင်းပခဲ့ပါတယ်။
နိုင်ငံတကာရောက် မွန်တိုင်းရင်းသားတွေကလည်း ရောက်ရာ နိုင်ငံအသီးသီးမှာ အခမ်းအနား ကျင်းပခဲ့ကြပါတယ်။
မွန်လူမျိုးတွေ အများစု နေထိုင်ရာ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ မွန်အမျိုးသားနေ့ကို စစ်ရေးပြ အခမ်းအနားတွေနဲ့ ကျင်းပခဲ့ပြီး ထိုင်း ရုပ်သံဌာနတွေကပါ ဒီသတင်းကို ဖော်ပြခဲ့ပါတယ်။