မွန်လူငယ်နေ့ ပြည်တွင်းပြည်ပ လူငယ် ၁ သောင်းခန့် တက်ရောက်

ပြည်တွင်း ပြည်ပမှာနေထိုင်ကြတဲ့ မွန်လူငယ် တစ်သောင်းဝန်းကျင် တက်ရောက်တဲ့ ဒုတိယအကြိမ်မြောက် မွန်လူငယ်နေ့ကို မွန်ပြည်နယ် ရေးမြိုနယ် မော့ကနင်ကျေးရွာမှာ ဒီကနေ့ကျင်းပခဲ့ပါတယ်။

ဒုတိယအကြိမ်မြောက် မွန်လူငယ်နေ့ကို မွန်ပြည်နယ် ရေး မြိုနယ် မော့ကနင်ကျေးရွာမှာ ဒီဇင်ဘာလ ၂၈ ရက်နေ့က ကျင်းပနေစဉ် photo: RFA/ Kyaw Lwin Oo

ပြည်တွင်း ပြည်ပမှာနေထိုင်ကြတဲ့ မွန်လူငယ် တစ်သောင်းဝန်းကျင် တက်ရောက်တဲ့ ဒုတိယအကြိမ်မြောက် မွန်လူငယ်နေ့ကို မွန်ပြည်နယ် ရေးမြိုနယ် မော့ကနင်ကျေးရွာမှာ ဒီကနေ့ကျင်းပခဲ့ပါတယ်။

အဲဒီ မွန်လူငယ်ညီလာခံမှာ မွန်နိုင်ငံရေးပါတီ က ခေါင်းဆောင်တွေနဲ့ လူငယ်တွေအကြား မွန်အမျိုးသား နိုင်ငံရေးနဲ့ ပတ်သက် တဲ့ ရှေ့ရေးကံကြမ္မာကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ မွန်လူငယ်နေ့ ဖြစ်မြောက်ရေး ကော်မတီ အတွင်းရေးမှူး ကိုဉာဏ်သိုက်ရာမန်က RFA ကို အခုလိုပြောပါတယ်။

"ကျနော်တို့ မွန်လူငယ်အားလုံးပေါ့နော် ပူးပေါင်းပြီးတော့မှ တစုတစည်းတည်း ညီညီညွှတ်ညွှတ်နဲ့ ဖြစ်လာအောင် ကျနော်တို့က အဓိကထားတယ်၊ မွန်လူငယ်နေ့ ဆိုပေမယ့်လည်း မွန်လူငယ်သပ်သပ်မဟုတ်ဘဲနဲ့ မွန်နိုင်ငံရေးပါတီတွေက မွန်ခေါင်းဆောင်တွေ စုံညီပြီးတော့မှ ကျနော်တို့က ရှေ့ဆက် မွန်အမျိုးသားတွေရဲ့ ကံကြမ္မာကို ဘယ်လိုဖန်တီးကျမလဲဆိုတာ ကျနော်တို့က စုဖွဲ့နိုင်လို့ရှိရင် ဒါကတော့ ပိုပြီးတော့ အောင်မြင်တာပေ့ါ"

ဒါ့အပြင် မွန်လူငယ်တွေအချင်းချင်း ညီညွတ်ရေးကနေ တခြား မြန်မာနိုင်ငံက တိုင်းရင်းသား ညီအကိုတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်ရေးကိစ္စ၊ မွန်လူငယ်တွေကြား သုံးစွဲမှုများလာတဲ့ မူးယစ်ဆေးဝါးပြသနာကို ဘယ်လို စုပေါင်းတိုက်ဖျက်ကြမလဲဆိုတဲ့ လက်တွေ့ကျတဲ့ လုပ်ငန်းစဉ်တွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

မွန်လူငယ်တွေ စုစည်းပွဲကို ၁၉၄၆ခုနှစ်က စတင်ခဲ့တာလို့ သိရပြီး နှစ်စဉ် ဒီဇင်ဘာ ၂၈ ရက်ကို မွန်လူငယ်နေ့အဖြစ် သတ်မှတ်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org