မွန်နှစ်ပါတီ ပေါင်းစည်းရေး အသင့်ဖြစ်ပြီ

၂၀၁၄ ခုနှစ်မကုန်ခင် မွန်နှစ်ပါတီ ပူးပေါင်းရေးအတွက် အလေးထား ဆောင်ရွက်သွားမယ်လို့ မွန်အမျိုးသား ညီလာခံ ဒုတိယနေ့ ပါတီပေါင်းစည်းရေး ဆွေးနွေးပွဲမှာ ပါတီခေါင်းဆောင်တွေက ပြောကြားခဲ့ပါတယ်။

၂၀၁၄ ခုနှစ်မကုန်ခင် မွန်နှစ်ပါတီ ပူးပေါင်းရေးအတွက် အလေးထား ဆောင်ရွက်သွားမယ်လို့ မွန်အမျိုးသား ညီလာခံ ဒုတိယနေ့ ပါတီပေါင်းစည်းရေး ဆွေးနွေးပွဲမှာ ပါတီခေါင်းဆောင်တွေက ပြောကြားခဲ့ပါတယ်။

ပါတီပေါင်းစည်းရေးနဲ့ပတ်သက်ပြီး မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ဥက္ကဌ နိုင်ငွေသိန်းက RFA ကို အခုလိုပြောပါတယ်။

" ပေါင်းဖို့ဆိုတာက သံဃာတော်တွေနဲ့ မွန်ပြည်သူတစ်ရပ်လုံးရဲ့ ဆန္ဒပေါင်းမယ်၊ နောက်အကျဆုံး ၂၀၁၄ ဒီဇင်ဘာ သံဃာတော်တွေက ၂၀၁၄ မှဆိုနောက်ကျမယ်လို့ ၂၀၁၃ မှာဖြစ်စေချင်တယ်၊ ပေါင်းမယ်ဆိုရင်တော့ နာမည်တစ်ခုတည်းနဲ့ ပေါင်းသွားမယ်၊ တစ်မျိုးသားလုံး ညီလာခံလုပ်တယ်ဆိုတော့ ဒီမှာ အဓိကကတော့ ပေါင်းစည်းနိုင်ဖို့ အတွက် တစ်ညီတစ်ညွတ်တည်း လုပ်ဆောင်နိုင်ဖို့က သံဃာတော်တွေကလည်း အမြဲတမ်းကြိုးစားနေတော့ ဒါကလည်း ဖြစ်လာမှာပါလို့ သဘောပေါက်တယ်၊ ယုံကြည်ထားတယ်၊ ဖြစ်လာအောင်လည်းလုပ်ကြ"

မွန်ဒီမိုကရေစီပါတီဘက်ကလည်း နှစ်ပါတီပေါင်းစည်းရေးအတွက် အဆင်သင့်ဖြစ်နေပြီလို့ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ မင်းစိုးလင်းက RFA ကို ပြောပါတယ်။

" ကျွန်တော်တို့ ဘက်က ဗဟိုအလုပ်အမှုဆောင်ကော်မတီ ၂၁ ယောက်လုံးလုံးက လက်မှတ်ထိုးဖို့ ပြင်ဆင်နေတာတွေရှိပါတယ်၊ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ နောက်ဆုံးပတ်လောက်မှာဖြစ်မယ်"

မွန်နှစ်ပါတီပေါင်းစည်းရေးအတွက် ရဟန်းသံဃာတော်တွေဦးဆောင်မှုနဲ့ ၁၇ ကြိမ်တိုင် တွေ့ဆုံဆွေးနွေးခဲ့ပြီး စက်တင်ဘာလ ၂၈ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပနေတဲ့ မွန်အမျိုးသားညီလာခံ ဒုတိယ နေ့မှာလည်း ထပ်မံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org