တောင်သူ ၅ ဦး ရိုက်နှက်ခံရမှု အရေးယူပေးဖို့ သမဂ္ဂ တောင်းဆို

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် ထုံးဘိုကျေးရွာမှာ တောင်သူလယ်သမား ၅ ဦးကို လူ ၉ ယောက်က ရိုက်နှက်ခဲ့တဲ့ဖြစ် ရပ်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အုပ်ချုပ်ရေးအာဏာ ပိုင်တွေက အရေးယူဆောင်ရွက်ပေးဖို့ မြန်မာနိုင်ငံတောင် သူလယ်သမားသမဂ္ဂက ဒီနေ့ကြေငြာချက်ထုတ်ပြန်တောင်း ဆိုလိုက်ပါတယ်။

အကြမ်းဖက်ရိုက်နှက်ခံရတဲ့ တောင်သူ ဦးစိုးမြင့်ကို တွေ့ရစဉ် Photo: Su Su Nway Facebook

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် ထုံးဘိုကျေး ရွာမှာ တောင်သူလယ်သမား  ၅ ဦးကို လူ ၉ ယောက် က ရိုက်နှက်ခဲ့တဲ့ဖြစ်ရပ်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အုပ်ချုပ်ရေးအာဏာပိုင်တွေက အရေးယူဆောင် ရွက်ပေးဖို့ မြန်မာနိုင်ငံ တောင်သူလယ် သမား သမဂ္ဂက ဒီနေ့ ကြေငြာချက်ထုတ်ပြန် တောင်းဆို လိုက်ပါတယ်။

တောင်သူ ငါးဦးကို ရိုက်နှက်ခဲ့သူတွေဟာ ရည်ရွယ် ချက် နဲ့ လုပ်ဆောင်တာဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန် တဲ့ မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂ တာဝန်ခံ မစုစုနွေးက အခုလို ပြောပါတယ်။

"အခုလိုမျိုး နိုင်ငံရေးအရ ပဋိပက္ခဖြစ်အောင် ကျမတို့ လယ်သမားတွေကို အသုံးချပြီးတော့ ဖန်တီးတာကို ကျမတို့ တောင်သူလယ်သမား သမဂ္ဂက မလိုလားဘူး၊ ရိုက်တဲ့လူ ၉ ယောက်က ဖုန်းနဲ့ ဆက်ပြီးတော့ အဘလို့ခေါ်တဲ့လူကို ခေါ် ထုတ်ပေးပါ၊ ပြင်ဦးလွင်မြို့သားတွေလည်း မဟုတ်ဘဲနဲ့ ရန်ကုန်၊ မန္တလေး၊ မြင်းခြံဘက် ကနေ တစ်ယောက်စီငှားလာတဲ့ လူတွေဖြစ်တယ်၊ ဒီလူတွေကို ဒီလိုလုပ်ပါလို့ခိုင်းတဲ့ တရားခံအစစ်အမှန်ကို ထုတ်ပေးပါလို့ ကျမတို့က ဥပဒေကြောင်းအရ တောင်းဆိုပါတယ်"

ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့က ပြင်ဦးလွင်မြို့နယ် ထုံးဘိုကျေးရွာက တောင်သူ ၅ ဦးကို အငြင်းပွားနေတဲ့မြေယာ ကိစ္စ ဆွေးနွေးလိုကြောင်း ဖိတ်ခေါ်ပြီး လူမိုက် ၉ ဦးက ဖမ်းဆီးရိုက်နက်ခဲ့တာလို့  သိရပါ တယ်။

အဲဒီထုံးဘိုကျေးရွာကခြံကို အာရောဂျံ ပုဂ္ဂလိကဆေးရုံပိုင်ရှင်က ပိုင်ဆိုင်တယ်လို့လည်း ကြေညာချက်မှာ ဖေါ်ပြ ထား ပါတယ်။ ဂျာနယ်တစ်စောင်မှာ ဖေါ်ပြချက်အရ အဲဒီခြံကို အာရောဂျံက မပိုင်တော့ကြောင်းနဲ့ လွဲှပြောင်းပေး ပြီးဖြစ်ကြောင်း၊ ရိုက်နှက်မှုနဲ့ အာရောဂျံကုမ္ပဏီ ပတ်သက်မှုမရှိကြောင်း ပြောထားပါတယ်။

ရိုက်နှက်ခံရတဲ့ တောင်သူ ၅ ဦးထဲက ၃ ဦးဟာ ဒဏ်ရာပြင်းထန်တာကြောင့် ပြင်ဦးလွင်မြို့ ပြည်သူ့ဆေးရုံမှာ အတွင်းလူနာအဖြစ် ဆေးကုသခံနေရတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ထုံးဘိုကျေးရွာမှာ ဧက ၂၀၀ လောက်ရှိမယ့် ယာမြေတွေကို တောင်သူ ၃၀ကျော်က သူတို့ရဲ့ဘိုးဘွား ပိုင်မြေတွေဖြစ်ကြောင်း ပြောနေသလို လက်ရှိမှာ အာရောဂျံ ပုဂ္ဂလိကဆေးရုံပိုင်ရှင် ဒေါက်တာ ဒေါ်မိမိလေးက လုပ်ကိုင်နေတာဖြစ်ကြောင်းနဲ့ လူမိုက်တွေကို ငှားရမ်းပြီး ရိုက်နှက်ခိုင်းတာဖြစ်ကြောင်းလည်း မစုစုနွေးတို့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပါရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org