ဝန်ကြီးဌာနတွေ လာရောက်ဖြေရှင်းဖို့ ပျက်ကွက်

မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရာ မှာ ပြည်သူလူထုပါဝင်လာမှုအပေါ် ကြိုဆိုထောက်ခံဖို့၊ ဟန့်တားနှောင့်ယှက် သူတွေရဲ့ အန္တရာယ်ကနေ ကာကွယ်ပေးဖို့အပြင် ထိရောက် တဲ့ ကူညီပံ့ပိုးမှုတွေ အမြန်ဆုံးဆောင်ရွက်ပေးဖို့ တိုက်တွန်း တဲ့ အရေးကြီးအဆိုနဲ့ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီးဌာန ၁၃ ခုနဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်တို့ကို ရှင်း လင်းတင်ပြဖို့ ဖိတ်ကြားထားပေမယ့် လာရောက်ဖြေ ကြားခြင်းမရှိကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် က ဒီနေ့ ကြေညာလိုက်ပါတယ်။

ပြည်သူ့လွှတ်တော် အစည်းအဝေးကျင်းပနေစဉ်

မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရာမှာ ပြည်သူလူထုပါဝင်လာမှုအပေါ် ကြိုဆိုထောက်ခံဖို့၊ ဟန့်တားနှောင့်ယှက် သူတွေရဲ့ အန္တရာယ်ကနေ ကာကွယ်ပေးဖို့အပြင် ထိရောက်တဲ့ ကူညီပံ့ပိုးမှုတွေ အမြန်ဆုံးဆောင်ရွက်ပေးဖို့ တိုက် တွန်းတဲ့ အရေးကြီးအဆိုနဲ့ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီးဌာန ၁၃ ခုနဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်တို့ကို ရှင်းလင်းတင်ပြဖို့ ဖိတ်ကြားထားပေမယ့် လာရောက်ဖြေကြားခြင်းမရှိကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် က ဒီနေ့ ကြေညာလိုက်ပါတယ်။

မနေ့က ဝိုင်းမော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလဂန်ဇယ်ဂျုံး တင်သွင်းခဲ့တဲ့ အရေးကြီးအဆိုကို တပ်မတော်သားကိုယ်စားလှယ် ၃ဦး အပါအဝင် ကိုယ်စားလှယ် ၂၃ ဦး ပါဝင်ဆွေးနွေးခဲ့ပြီးနောက် ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က ကြေညာတာဖြစ်ပါတယ်။

"လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ ဦးလဂန်ဇယ်ဂျုံး တင်သွင်းသွားတဲ့အဆိုကို ကိုယ်စားလှယ် ၂၃ ဦးက ဆွေးနွေးပြီးဖြစ်ပါတယ်၊ သက်ဆိုင်ရာဝန်ကြီးဌာနများကတော့ ပြန်လည်ရှင်းလင်းဆွေးနွေးခြင်း မရှိပါဘူး"

အဲ့ဒီအဆိုနဲ့ပတ်သက်ပြီး ပြည်ထဲရေး၊ ကာကွယ်ရေး၊ နယ်စပ်ရေးရာ၊ သစ်တော၊ လျှပ်စစ် စတဲ့ ဝန်ကြီးဌာန ၁၃ ခုနဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်တို့ကို လွှတ်တော်မှာ ရှင်းလင်းတင်ပြဖို့ ပြည်သူ့လွှတ်တော်က ဖိတ်ကြားထားပေမယ့် သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူတွေ လာရောက်ခြင်းမရှိတာဖြစ်ပါတယ်။

သက်ဆိုင်ရာဝန်ကြီးဌာနတွေက ပြန်လည်ရှင်းလင်းတာမရှိတာကြောင့် ကိုယ်စားလှယ်တွေရဲ့ ဆန္ဒမဲခံယူရာ မှာ ထောက်ခံသူများတဲ့အတွက်အဆိုကို အတည်ပြုလိုက်ပါတယ်။

အဲဒီအရေးကြီးအဆိုကို ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးကြရာမှာ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ကျန်တဲ့ကိုယ်စားလှယ်တွေအကြား သဘောထားကွဲလွဲမှုတွေ ရှိနေပါတယ်။

ဘိန်းစိုက်ခင်းတွေကို ဖျက်ဆီးရမယ်ဆိုတဲ့အပေါ် သဘောတူကြပေမယ့် ဘယ်လိုအကောင်အထည်ဖေါ်မယ် ဆိုရာမှာ လက်ရှိ ဘိန်းခင်းတွေကို ဖျက်ဆီးနေတဲ့ Pat Jasan ပတ်ဂျာဆန် အဖွဲ့လို လူထုအခြေပြု ဘိန်းခင်းဖျက်ဆီးရေးနဲ့ ပတ်သက်ပြီး သဘောထားမတူကြပါဘူး။

ကချင်ပြည်နယ်မှာ ဘိန်းစိုက်ခင်းအကျယ်အဝန်းဟာ ဧကသောင်းချီရှိတယ်လို့သိရပြီး တရုတ်နိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေကလည်း ချယ်လှယ်ထားတယ်လို့ ဆွေးနွေးတာလည်း ရှိပါတယ်။ ကိုယ်စားလှယ်အများစု ဆွေးနွေးရာမှာ လူငယ်တွေဟာ မူးယစ်ဆေးဝါး သံသရာထဲမှာ မျောနေကြရပြီး ဘိန်းစိုက်ပျိုးမှုနဲ့ မူးယစ်ဆေးဝါးဟာ တမျိုးသားလုံးရဲ့ ဘုံရန်သူအဖြစ် သတ်မှတ်ပြီး တိုက်ဖျက်ဖို့ကို တိုက်တွန်းကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org