မီးလောင်ပျက်စီးခဲ့တဲ့ မင်္ဂလာဈေး ကို ဖြိုချပြီး အသစ်ပြန်ဆောက်မည်
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၉ ရက်နေ့က မီးလောင် ကျွမ်းခဲ့တဲ့ ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့် မြို့နယ်က မင်္ဂလာဈေးကို လာမယ့် ပွင့်လင်း ရာသီမှာ ဖြိုချပြီး အသစ်ပြန်လည်တည်ဆောက်ရေးကို စတင် လုပ်ဆောင်သွားမယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာ ယာရေး ကော်မတီဝင် ဒေါ်သန်းမြင့်အောင် က ပြောပါတယ်။
-
2016-09-06 -
-
-
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၉ ရက်နေ့က မီးလောင်ကျွမ်းခဲ့တဲ့ ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်က မင်္ဂလာဈေးကို လာမယ့် ပွင့်လင်းရာသီမှာ ဖြိုချပြီး အသစ်ပြန်လည်တည်ဆောက်ရေးကို စတင်လုပ်ဆောင်သွားမယ်လို့ ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီဝင် ဒေါ်သန်းမြင့်အောင် က ပြောပါတယ်။
မင်္ဂလာဈေးကြီး ပြန်လည်တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး ဈေးသူဈေးသားတွေက ဒီနေ့ ဆန္ဒပြဖို့ ပြင်ဆင် ထားပေမယ့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက တာဝန်ရှိသူတွေနဲ့ မနေ့က တွေ့ဆုံခဲ့ကြ တာ ပြေလည်သွားတယ်လို့ ဒေါ်သန်းမြင့်အောင်က ပြောပါတယ်။
မင်္ဂလာဈေးတည်ရှိရာဝန်းထဲက ဈေး ၄ ခုလုံးကို တွဲပြီး အဆင့်မြင့်ဈေးကြီး တည်ဆောက်ပေးမှာ ဖြစ်တာကြောင့် အချိန်ကြာသွားတာဖြစ်တယ်လို့လည်း ပြောပါတယ်။
မင်္ဂလာဈေးကြီး တည်ဆောက်ပေးမယ့် အချိန်ကြာမြင့်နေတဲ့အတွက် ဈေးသူ၊ ဈေးသားတွေက ဆန္ဒပြဖို့ စီစဉ်တာဖြစ်ပါတယ်။
မင်္ဂလာဈေး မီးလောင်မှုကြောင့် ဆိုင်ခန်းပေါင်း ၁၆၀၀ ကျော်ပျက်စီးခဲ့ပြီး ကျပ်သန်းပေါင်း ၃ သောင်း ၆ ထောင် ကျော်ဆုံးရှုံးခဲ့ပါတယ်။ မင်္ဂလာဈေး မီးလောင်တာဟာ ၂၀၁၀ ခုနှစ်ကလည်း တကြိမ်ဖြစ်ခဲ့ပြီး ဆိုင်ခန်းပေါင်း ၈၀၀ နီးပါးဆုံးရှုံးပျက်စီးခဲ့ပါတယ်။