ဖားကန့်လမ်း မိုင်းကွဲ တစ်ဦးသေ၊ လေးဦး ဒဏ်ရာရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် မိုးကောင်း-ဖားကန့်လမ်းပေါ် ခွန်ဆိုင်ဇွပ်ရွာအနီးမှာ မိုးကောင်းကနေ ဖားကန့်ကို မောင်းနှင် လာတဲ့ ခရီးသည်ယာဉ်တစ်စီး မိုင်းထိမှန်ပြီး ခရီးသည် တစ်ဦးသေဆုံးခဲ့ပြီး လေးဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် မိုးကောင်း-ဖားကန့်လမ်းပေါ် ခွန်ဆိုင်ဇွပ်ရွာအနီးမှာ မိုးကောင်းကနေ ဖားကန့်ကို မောင်းနှင်လာတဲ့ ခရီးသည်ယာဉ်တစ်စီး မိုင်းထိမှန်ပြီး ခရီးသည်တစ်ဦးသေဆုံးခဲ့ပြီး လေးဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ခရီးသည်တင်ယာဉ်ဟာ အစိုးရနဲ့ ကေအိုင်အေတပ်တွေ ပစ်ခတ်နေတဲ့ တိုက်ပွဲကြား ရောက်ရှိသွား တာကြောင့် သေနတ်နဲ့ပစ်ခတ်ခံရပြီး မိုင်းထိသွားတာဖြစ်တယ်လို့ ဖားကန့်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဆွေမြင့်က ပြောပါတယ်။

"ကားပေါ်မှာပါတဲ့ လူလေးယောက် ဒဏ်ရာရတယ်၊ အဲ့လေးယောက်ထဲက ကိုသိန်းဇော်ဦး ဆိုတဲ့လူကတော့ စိုးရိမ်ရတဲ့ဒဏ်ရာရတယ်၊ တိုက်ပွဲလည်း မနေ့ကဖြစ်တယ်၊ မိုင်းကွဲတာလည်းဖြစ်တယ်ဆိုတော့ သူတို့ကားက တိုက်ပွဲကြားထဲမှာရောက်သွားတဲ့ပုံပဲ"

သေဆုံးသူဟာ  စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူကျေးရွာက ကိုသိန်းဇော်ဦးဆိုသူဖြစ်ပြီး လည်ပင်းမှာထိမှန်တဲ့ ဒါဏ်ရာပြင်းထန်တာကြောင့် မြစ်ကြီးနားမြို့ စစ်ဆေးရုံမှာ မနေ့ညက သေဆုံးသွား တာဖြစ်တယ်လို့ သိရပါတယ်။

မိုးကောင်း-ဖားကန့်လမ်းအနီးမှာ အစိုးရတပ်နဲ့ ကေအိုင်အေတွေအကြား နှစ်ဖက်ပစ်ခတ်မှုတွေ ရှိနေတာကြောင့် တံတားညီနောင်၊ ပျားအုံ၊ ကပ်မှော်ဇွပ် စတဲ့ ကျေးရွာတွေက ဒေသခံရွာသားတစ်ချို့ဟာ နီးစပ်ရာကျေးရွာတွေနဲ့ ကာမိုင်းမြို့ပေါ်ကို တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org