ရန်ကုန်မှာ အဖမ်းခံရသူ ခုနစ်ဦး စစ်ကြောရေး အပို့ခံထားရ

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်နဲ့ သင်္ဃန်းကျွန်းမြို့နယ်တွေမှာ ဇူလိုင်လ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ ဖမ်းဆီးခံရတဲ့ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားခြောက်ဦးဟာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောရေးစခန်းထဲကို ပို့ဆောင်ခံထားရတယ်လို့ အဖမ်းခံရသူတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ရန်ကုန်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ၂၀၂၂ ခုနှစ် ဇွန်လ ၂၃ ရက်နေ့မှာ တွေ့ရစဥ် AFP Photo
ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်နဲ့ သင်္ဃန်းကျွန်းမြို့နယ်တွေမှာ ဇူလိုင်လ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ ဖမ်းဆီးခံရတဲ့ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားခြောက်ဦးဟာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောရေးစခန်းထဲကို ပို့ဆောင်ခံထားရတယ်လို့ အဖမ်းခံရသူတွေနဲ့ နီးစပ်သူတွေက ပြော ပါတယ်။
 
သူတို့ဟာ မြို့ပြပြောက်ကျားအဖွဲ့နဲ့ အဆက်အသွယ်ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဖမ်းခံရပြီးနောက် စစ်ကြောရေးစခန်းကို ပို့ဆောင်ခံထားရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အဖမ်းခံရသူ အချို့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
 
"အဖမ်းခံရတာ အမျိုးသားခြောက်ဦး၊ အမျိုးသမီးတစ်ဦးပါ။ အခု အောင်သပြေစစ်ကြော ရေးမှာ ရောက်နေတယ်လို့ သတင်းရထားတယ်။ အဖမ်းခံထားရတဲ့ အထဲက အမျိုးသား သုံးဦးက စိုးရိမ်ရတယ်လို့ သိထားတယ်။ သူတို့က သူတို့ဘာသာ ရိုးရိုးသားသား အလုပ်လုပ် တဲ့သူတွေပါ။ အခုခေတ်က အိမ်ထဲမှာ ယောက်ျားလေးတွေ စုပြီးနေရင် PDF ဆိုပြီး ဝင်ဖမ်း တာပဲ"
 
ဖမ်းဆီးခံရသူ ခုနစ်ဦးဟာ အသက် ၂၀ ကနေ ၄၀ ကြားအရွယ်တွေဖြစ်တဲ့ မအေးအေးမင်း၊ ကိုနိုင်လတ်(ခေါ်) ကိုလတ်၊ ကိုအုန်းမြင့်၊ ကိုနေလင်းထိုက်၊ ကိုကျော်သက်ပိုင်၊ ကိုခန့်မှူးဇော်၊ ကိုသက်စိုးဦး၊ ကိုမင်းခန့်ဇော် တို့ဖြစ်တယ်လို့ သူက ဆိုပါတယ်။
 
သူတို့ဟာ နေအိမ်တွေထဲကနေ ဖမ်းဆီးခံထားရတာဖြစ်ပြီး သူတို့ရဲ့ လက်ကိုင်ဖုန်း၊ ပိုက်ဆံအိတ် တွေပါ သိမ်းဆည်းခံထားရတယ်လို့လည်း ပြောပါတယ်။
 
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးချိန် ကနေ ဇူလိုင်လ ၁၄ ရက် မနေ့ကအထိ နိုင်ငံတစ်ဝန်းမှာ ဖမ်းဆီးခံထား ရသူ ၁၁,၅၈၅ ဦး ရှိပြီး အဲဒီအထဲက ၁၃၁၈ ဦး ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org