မကွေးလေတပ်စခန်းက MIG 29 တိုက်လေယာဉ်ပျက်ကျ
မကွေးလေတပ်စခန်းဌာနချုပ် အခြေစိုက် ရုရှနိုင်ငံလုပ် MIG 29 တိုက်လေယာဉ် တစ်စီးဟာ ဒီနေ့ မနက်၁၀ နာရီလောက်က မကွေးမြို့အနီးမှာ ပျက်ကျခဲ့ပါတယ်။
-
2014-06-11 -
-
-
ဇွန်လ ၁၁ ရက်နေ့က မကွေးမြို့အနားမှာ ပျက်ကျခဲ့တဲ့ တပ်မတော်လေက MIG 29 တိုက်လေယာဉ်တစ်စီးရဲ့ အပျက်အစီးအပိုင်းအစများကို တွေ့ရစဉ်
မကွေးလေတပ်စခန်းဌာနချုပ် အခြေစိုက် ရုရှနိုင်ငံလုပ် MIG 29 တိုက်လေယာဉ်တစ်စီးဟာ ဒီနေ့ မနက်၁၀ နာရီလောက်က မကွေးမြို့အနီးမှာ ပျက်ကျခဲ့ပါတယ်။
လေယာဉ်ပျက်ကျရတဲ့ အခြေအနေကို စုံစမ်းနေဆဲပဲလို့ အမည်မဖေါ်လိုတဲ့ မိတ္ထီလာလေတပ်စခန်းက တာဝန်ကျဝန်ထမ်းတစ်ဦးက RFA ကိုအခုလို ပြောပါတယ်။
"တပ်မတော်လေက MIG 29 ဖြစ်စဉ်တွေ မသိသေး ဘူး၊ ခုမှသူတို့လည်း လိုက်တုန်းပဲရှိသေး တယ်၊ လောလောဆယ်တော့ လေထီးနဲ့ ခုန်ထွက်သွားတယ်၊ လေယာဉ်ကတော့ အောက်ပြုတ် ကျသွားတယ်၊ ပိုင်းလော့တွေ အသက်ရှင်တယ်၊ အဲလောက်ပဲသိရသေးတယ်၊ တက်တာက မကွေးလေတပ်စခန်းဌာနချုပ်က တက်တာ"
အဲဒီ တိုက်လေယဉ်မှာ မောင်းသူ နှစ်ဦးပါပြီး လေ့ကျင့်ပျံ သန်းရင်းနဲ့ ပျက်ကျခဲ့တာလို့ သိရပါတယ်။
တိုက်လေယဉ်မှူးနှစ်ဦးကတော့ လေထီးနဲ့ ခုန်ထွက်လွတ်မြောက်သွားပြီး ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့တယ်လို့ သိရပါတယ်။