သတင်းမီဒီယာတွေ ရွေးကောက်ပွဲ ဆိုင်ရာ ဦးစားပေးဖော်ပြမှု MID အစီရင်ခံစာ ထောက်ပြ
အစိုးရမီဒီယာတွေဟာ အစိုးရတစ်ခုတည်း ကိုသာ အသားပေးရေးသားဖော်ပြကြပြီး ပုဂ္ဂလိက မီဒီယာတွေက အတိုက်အခံပါတီ အန်အယ်လ်ဒီ ကိုသာ ဦးစားပေးဖော်ပြနေကြတာတွေ့ရတယ် လို့ ရွေးကောက်ပွဲကာလအတွင်း သတင်းမီဒီယာတွေ ရဲ့ ရေးသားဖော်ပြ ထုတ်လွှင့်ချက်တွေကို လေ့လာခဲ့တဲ့ Myanmar Institute for Democracy (MID) အဖွဲ့ က ပြောပါတယ်။
-
2015-10-30 -
-
-
Your browser doesn’t support HTML5 audio
အစိုးရမီဒီယာတွေဟာ အစိုးရတစ်ခုတည်းကိုသာ အသားပေးရေးသားဖော်ပြကြပြီး ပုဂ္ဂလိက မီဒီယာတွေက အတိုက်အခံပါတီ အန်အယ်လ်ဒီကိုသာ ဦးစားပေးဖော်ပြနေကြတာတွေ့ရတယ်လို့ ရွေးကောက်ပွဲကာလအတွင်း သတင်းမီဒီယာတွေရဲ့ ရေးသားဖော်ပြ ထုတ်လွှင့်ချက်တွေကို လေ့လာခဲ့တဲ့ Myanmar Institute for Democracy (MID) အဖွဲ့က ပြောပါတယ်။
ဒီကနေ့ ရန်ကုန်မြို့ မီကာဆာဟိုတယ်မှာ အဲဒီအဖွဲ့က သတင်းစာရှင်းလင်းပွဲကျင်းပပြီး သူတို့တွေ့ရှိချက်တွေကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ပုဂ္ဂလိကပိုင် မီဒီယာတွေဟာ အစိုးရပိုင်မီဒီယာတွေနဲ့ နှိုင်းယှဉ်လိုက်ရင် ကျယ် ကျယ်ပြန့်ပြန့် ရေးသားဖော်ပြတာတွေ့ရပေမယ့် အတိုက်အခံ အန်အယ်လ်ဒီနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတွေအကြောင်း ကို အဓိက ရေးသားဖော်ပြကြတာ တွေ့ရတယ်လို့ MID အဖွဲ့က ဒါရိုက်တာ ဦးမျိုးမင်းဇော် ပြောပါတယ်။
"အစိုးရပိုင် မီဒီယာတွေ ထက်စာရင် နိုင်ငံခြားအသံလွှင့်ဌာနတွေကနေပြီးတော့ တင်ပြထားတဲ့ တင်ပြချက်တွေမှာ ပိုပြီးတော့ စုံစုံလင်လင်နဲ့ မျှမျှတတဖြစ်အောင် တင်ပြပေးနေတာကို ကျနော်တို့ တွေ့ရှိရတယ်၊ သူတို့က ပါတီတွေ အကြောင်းတွေ ကိုယ်စားလှယ်တွေအကြောင်းတွေ ပိုပြီးတော့စုံလင်တယ်၊ ပုဂ္ဂလိကပိုင် မီဒီယာတွေထဲက တချို့မီဒီယာတွေကတော့ အစိုးရမီဒီယာထက်စာရင် ပိုပြီးကျယ်ကျယ်ပြန့်ပြန့် လုပ်ပေးတာကိုတွေ့ရတယ်၊ အဓိကယှဉ်ပြိုင်ဘက်နှစ်ဦးဖြစ်တဲ့ USDP နဲ့ NLD အကြောင်းကို အဓိကဇောင်းပေးပြီး ဖော်ပြနေတာကိုတွေ့ ရှိရပါတယ်"
အစိုးရနဲ့ ပုဂ္ဂလိက သတင်းမီဒီယာတွေအပြင်၊ BBC ၊ VOA ၊ RFA နဲ့ DVB သတင်းမီဒီယာတွေရဲ့ ရွေးကောက်ပွဲ အပေါ် ဖော်ပြမှုတွေလည်း လေ့လာတွေ့ရှိချက်တွေကို ဖော်ပြခဲ့ပါတယ်။
သူတို့လေ့လာမှုမှာ ရေဒီယိုလိုင်း ၈ခု၊ တီဗီရုပ်သံလိုင်း ၅ ခု၊ နေ့စဉ်ထုတ်နဲ့ အပတ်စဉ်ထုတ် သတင်းစာ ၁၄ စောင်၊ အင်တာနက် အွန်လိုင်းသတင်းဌာန ၃ ခုကို စက်တင်ဘာ ၂၉ရက်ကနေ အောက်တိုဘာ ၂၄ ရက်နေ့အထိ လေ့ လာစောင့်ကြည့်ခဲ့တာလို့ သိရပါတယ်။
MID အဖွဲ့အနေနဲ့ မီဒီယာတွေကို လေ့လာစောင့်ကြည့်မှု ပထမအကြိမ် အစီရင်ခံစာကို အောက်တိုဘာ ၁၆ ရက်နေ့ကထုတ်ပြန်ခဲ့ပြီး တတိယအကြိမ်အစီရင်ခံစာကို နိုဝင်ဘာ ၅ ရက်နေ့မှာ ထုတ်ပြန်ပေးသွား မှာဖြစ်ပြီး နောက်ဆုံးအစီရင်ခံစာကို ရွေးကောက်ပွဲပြီးနောက်သုံးပတ်အကြာမှာ ထုတ်ပြန်မှာဖြစ်ပါတယ်။
ဒီအကြောင်း RFA သတင်းထောက် မဇာဏီထွဏ်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။