မိကျောင်းကန် သပိတ်စခန်း ဖြိုခွင်းခံရ

ရန်ကုန်မြို့တော်ခန်းမရှေ့မှာ သပိတ် စခန်းဖွင့် ဆန္ဒပြနေကြတဲ့ သင်္ကန်းကျွန်း မြို့နယ် မိကျောင်းကန် သပိတ်စခန်း ကို ဒီနေ့မနက် ၃ နာရီ ၁ဝ မိနစ်မှာ လူအင်အား တစ်ထောင်လောက်က အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့အတွက် ဆန္ဒပြသူ ခြောက်ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါတယ်။

ဘိုင်းဘွားပိုင်မြေတွင် နိုဝင်ဘာလ ၂၆ ရက်နေ့က သပိတ် စခန်းဖွင့်ကြတဲ့ မိချောင်းကန် မူလမြေပိုင်ရှင်များကို မြင်ရစဉ် photo: RFA/ Kyaw Lwin Oo

ရန်ကုန်မြို့တော်ခန်းမရှေ့မှာ  သပိတ်စခန်းဖွင့် ဆန္ဒပြနေကြတဲ့ သင်္ကန်းကျွန်းမြို့နယ် မိကျောင်းကန် သပိတ်စခန်း ကို ဒီနေ့မနက် ၃ နာရီ ၁ဝ မိနစ်မှာ လူအင်အား တစ်ထောင်လောက်က အကြမ်းဖက်ဖြိုခွင်း ခဲ့တဲ့အတွက်  ဆန္ဒပြသူ ခြောက်ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြပါတယ်။

သပိတ်စခန်းဖြိုခွဲခံရပုံကို မိကျောင်းကန်ရပ်ကွက်က ဦးကျော်လွင်က ပြောပြပါတယ်။

"၃ နာရီ ၁ဝ မိနစ်မှာ သူတို့ဟိုဘက်ဒီဘက်ထိပ်ကို ပိတ်ပြီးတော့ဝင်ချလာတယ် လူအင်အားအများကြီးပဲ အင်အားကတော့တစ်ထောင်ကျော်လောက် ရှိမယ်ဗျ အရပ်ဝတ်တွေနဲ့ပဲ အခကျေးငွေများပေးပြီးတော့ ငှားရမ်းထားတဲ့လူမျိုးတွေ ဖြစ်မယ်ထင်တယ်၊ စည်ပင်ကလည်း လူပါတယ်၊မြို့နယ်မှူးလည်းပါတယ် အမိုးအကာကိုဆွဲကြတယ်ဗျာ သူတို့ကလည်းသူတို့ကလည်းဆွဲတယ်ဗျာ ဝါးလုံးတွေလဲဆွဲကြတယ် ကျွန်တော်တို့က လဲပြန်ဆွဲတယ် လဲကြကွဲကြ အော်ကြဟစ်ကြပေါ့ အကြမ်းဖက်သိမ်းသွားတယ် အမျိုးသမီးတွေလဲ တော်တော်များများ ဒဏ်ရာ ရကြတယ်"

မနက် ၄ နာရီ ၄၅ မိနစ်လောက်မှာ ဒဏ်ရာရသူ ခြောက်ဦးကို ရန်ကုန်နာရေးကူညီမှုအသင်းက လူနာတင် ကားနှစ်စီးနဲ့ လာရောက်ခေါ်ဆောင်သွားတယ်လို့လည်း ဦးကျော်လွင်က ပြောပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်ရှိ မိကျောင်းကန် (၁) ရပ်ကွက်၊ (၂) ရပ်ကွက်နဲ့ (၃)ရပ်ကွက်မှာရှိတဲ့ မြေနေရာတွေကို တပ်ပိုင်မြေအဖြစ် အသိမ်းခံရတဲ့အတွက် သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ဒီသပိတ်စခန်းဖြိုခွဲခံရတာကို  မျက်မြင်ကြုံတွေ့ခဲ့ရတဲ့ မိကျောင်းကန်ရပ်ကွက်က ဦးကျော်လွင်ကို ဒေါ်စမ်းစမ်းတင်က ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org