မြို့တော်ခန်းမရှေ့က ဆန္ဒပြပွဲ ၅ ရက်မြောက်ပြီ
စစ်တပ်က အိမ်ခြံမြေသိမ်းတာခံထားရတဲ့ ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် မိချောင်း ကန် ရပ်ကွက်သူရပ်ကွက်သားတွေ ဟာ နောက်တစ်ကြိမ် ဆန္ဒပြနေတာ ၅ ရက်မြောက်ပြီ ဖြစ် ပါတယ်။
-
2014-03-28 -
-
-
စစ်တပ်က အိမ်ခြံမြေသိမ်းတာခံထားရတဲ့ ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် မိချောင်းကန် ရပ်ကွက်သူရပ်ကွက် သားတွေဟာ နောက်တကြိမ် ဆန္ဒပြနေတာ ၅ ရက်မြောက်ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ညကတော့ သူတို့ဆန္ဒပြနေတဲ့နေရာ အနီးတဝိုက်က ညလုံးပေါက် ဈေးရောင်းသူတွေကို ဆိုင်တွေပိတ်ထားဖို့ သက်ဆိုင်ရာက ညွှန်ကြားထားပြီး၊ အဲဒီတဝိုက်ကိုလဲ မီးမှောင်ချ ထားတယ်လို့ ဆန္ဒပြသူတွေက ပြော ပါတယ်။
အရင်အခေါက်တွေမှာ သင်္ဃန်းကျွန်းမြို့နယ်က သူတို့ရဲ့ ရပ်ကွက်ဟောင်းရှေ့ လမ်းဘေးပလက်ဖောင်း မှာ ယာယီသပိတ်စခန်းဖွင့်ပြီး ဆန္ဒပြခဲ့ကြပေမယ့်၊ အခုတခေါက်မှာတော့ ရန်ကုန်မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံဘေးက ပလက်ဖောင်းမှာ သပိတ် စခန်းဖွင့် ဆန္ဒပြနေတာ ဖြစ်ပါတယ်။
ဆန္ဒပြရာမှာပါဝင်သူ အယောက် ၂ဝဝ ကျော်လောက် ရှိပြီး၊ ဒီကာလဟာ ရာသီဥတု ပူပြင်းတဲ့အတွက် အသက်အရွယ်ကြီးသူတချို့ဆးရုံတင် လိုက်ရတယ်လို့ ဆန္ဒပြသူတစ်ဦးဖြစ်တဲ့ မနေနွယ် က RFA ကိုပြောပါတယ်။
"နေပူတဲ့ဒဏ်ပေါ့၊ ညီမတို့ဒီမှာ ရာသီဥတု ကတော်တော်ကို ပူပြင်းနေတယ် ပြီးတော့ ဒီနေ့နဲ့ဆို ၅ ရက်ရှိပြီဆိုတော့ အဖွားတွေက တချို့ ဆိုရင် သွေးတက်တာတွေရှိတယ်၊တချို့ဆို ကျန်းမာရေးအခံပေါ့ တက်ရောက်လာတဲ့ သူတွေရှိတော့ ကျွန်မတို့မနက်က ဆေးရုံတင်ရတယ်၊ဆရာဝန်က လူနာက နည်းနည်းစိုးရိမ်ရတယ်၊ဒါကြောင့် မဆင်းရဘူးဆိုလို့ ကျွန်မတို့ ဒီနေ့အထိ ဆေးရုံတင်ထားရတယ်၊ ညီမတို့ပို့ထားတာတော့ အစက ၅ ယောက်လောက်ရှိမယ်ရှင့်၊ ၅ ယောက်လောက်ရှိတာ အခုဒီနေ့ ကျန်တဲ့သူတွေကဆင်းသွား ပြီ နှစ်ယောက်ပဲ ကျန်တော့တယ်"
ပြီးခဲ့တဲ့ နိုဝင်ဘာ၊ ဒီဇင်ဘာလတွေမှာ ဆန္ဒပြစဉ်က လွှတ်တော်ကိုယ်စားလှယ် တချို့က သူတို့အနေနဲ့ လွှတ်တော် မှာ တင်ပြပေးမယ်လို့ ကတိပေးပြောဆိုပြီး တင်ပြမေးမြန်းတဲ့အခါ စစ်တပ်ကသိမ်းလိုက်တဲ့ အဲဒီ မြေနေရာတွေ ကိုပြန်ပေးဖို့ အစီအစဉ်မရှိတော့ဘူးလို့ သက်ဆိုင်ရာဝန်ကြီးက ပြန်လည်ဖြေဆို လိုက်တဲ့အတွက် အခုတခါ ထပ်မံဆန္ဒပြကြတာလို့ ဆိုပါတယ်။