မိတ္ထီလာ အဓိကရုဏ်း ဒုက္ခသည်တွေ အိမ်ရာသစ် အစီအစဉ် လက်မခံ

ပြီးခဲ့တဲ့ မတ်လအတွင်း မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းကြောင့် ပျက်စီးသွားတဲ့ နေအိမ်တွေ ရဲ့ မြေနေရာပေါ်မှာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က သုံးထပ်တိုက် လူနေအိမ်ရာတွေ ပြန်လည်ဆောက်လုပ်ပေးဖို့ စီစဉ်နေတာကို နေအိမ်ပျက်စီးဆုံးရှုံးသွားခဲ့ရသူတွေက သမ္မတ ဦးသိန်းစိန်ထံ ကန့်ကွက်စာတင်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်း မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းကြောင့် ပျက်စီးသွားတဲ့ နေအိမ်တွေရဲ့ မြေနေရာပေါ်မှာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က သုံးထပ်တိုက် လူနေအိမ်ရာတွေ ပြန်လည်ေဆာက်လုပ်ပေးဖို့ စီစဉ်နေတာကို နေအိမ်ပျက်စီးဆုံးရှုံးသွားခဲ့ရသူတွေက သမ္မတ ဦးသိန်းစိန်ထံ ကန့်ကွက်စာတင်ထားတယ်လို့ သိရပါတယ်။

မန္တလေးတိုင်း ဝန်ကြီးချုပ်က အခုလိုဆောက်လုပ်သွားဖို့ စီစဉ်နေတာနဲ့ ပတ်သက်ပြီး မကြာသေးခင် ရက်ပိုင်းလောက်က သက်ဆိုင်ရာ အာဏာပိုင်တွေ၊ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့တာဖြစ်ပြီး အဲဒီအစီအစဉ်ကို ဒေသခံဒုက္ခသည်တွေက သဘောမတူကြဘူးလို့ အဲဒီအစည်းအဝေးကို တက်ရာက်ခဲ့တဲ့ မိတ္ထီလာမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က RFA ကို ပြောပါတယ်။

"ဒုက္ခသည်တွေကို ကိုယ့်ရပ်ကွက်ကို ကိုယ်ပြန်ရောက်ဖို့ မန္တလေးတိုင်း ဝန်ကြီးချုပ်က ပြီးခဲ့တဲအပတ် သောကြာနေ့က ဆုံးဖြတ်ချက်ချမယ်တဲ့၊ ဒုက္ခသည်တွေ အားလုံးပေါင်း ၄၈ဝဝ လောက်ရှိသေးတာကိုး၊ ဒီအဆောက်အဦးတွေကိုဆောက်၊ မိုးမကျမီ ၁ လ၊ ၂ လအတွင်း ပြီးအောင်ဆောက်၊ ဆောက်ပြီးတော့မှ သူတို့ကိုပြန်နေရာချထားပေးမယ်လို့ ဝန်ကြီးချုပ်ရဲ့ပြောစကားအရသိရတယ်၊ ဒါပေမယ့် ဒုက္ခသည်တွေက သူတို့ကို မီးလောင်တဲ့အတွက်ကြောင့် နစ်နာကြေးပေးမယ်ဆို၊ နစ်နာကြေးပေးပါ၊ ပေးပြီးမှသူတို့စိတ်ကြိုက်ဆောက်ပါရစေ၊ အဲဒီအစီအစဉ်နဲ့ ဆောက်တဲ့တိုက်တွေမှာ မနေပါရစေနဲ့လို့ သမ္မတဆီ စာတင်ထားတယ်"

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ အစီအစဉ်နဲ့ မိတ္ထီလာမြို့ သီရိမင်္ဂလာနဲ့ ချမ်းအေးသာယာ ရပ်ကွက်တွေမှာ သုံးထပ်တိုက်အိမ်တွေ ဆောက်လုပ်သွားဖို့ စီစဉ်နေတာဖြစ်ပြီး အစိုးရအဖွဲ့ရဲ့ ရွေးချယ်မှုနဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေကို လုပ်ကိုင်ခွင့်ပေးသွားမှာဖြစ်တယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။ ဆောက်လုပ်ပြီးတဲ့ တိုက်ခန်းနေရာတွေကိုလည်း အာဏာပိုင်တွေရဲ့ အစီအစဉ်နဲ့ နေရာချပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

နေအိမ်ဆုံးရှုံးသူတွေက သူတို့ပိုင်ခဲ့တဲ့ မြေနေရာတွေ ဆုံးရှုံးမှာကို စိုးရိမ်ကြသလိုအတွက် အကွင်းကောင်းတဲ့ တိုက်ခန်းတွေကိုလည်း အစိုးရရဲ့သဘောအတိုင်းဆုံးဖြတ်ပြီး သတ်မှတ်ပေးမှာ ဖြစ်တဲ့အတွက် အိုးအိမ်ဆုံးရှုံးသွားသူတွေက လက်မခံနိုင်ကြတာလည်း ဖြစ်နိုင်တယ်လို့ ပြောကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org