မိကျောင်းကန် သပိတ်စခန်း ပိတ်ဖို့သက်ဆိုင်ရာက သတိပေး

ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့က မဟာဗန္ဓုလပန်းခြံဘေးမှာ ဖွင့်ထားတဲ့ မိကျောင်းကန်သပိတ်စခန်းကို လာ မယ့် အောက်တိုဘာလ ၃ ရက်နေ့မှာ နောက်ဆုံးထား ဖယ်ပေးရမယ်ဆိုပြီး ကျောက်တံတားမြို့နယ် ရဲစခန်း တာဝန်ရှိသူတွေနဲ့ စည်ပင်အဖွဲ့တွေက ဒီနေ့ သတိပေးစာ ကပ်သွားတယ်လို့ သိရပါတယ်။

ဘိုင်းဘွားပိုင်မြေတွင် နိုဝင်ဘာလ ၂၆ ရက်နေ့က သပိတ် စခန်းဖွင့်ကြတဲ့ မိချောင်းကန် မူလမြေပိုင်ရှင်များကို မြင်ရစဉ် photo: RFA/ Kyaw Lwin Oo

ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့က မဟာဗန္ဓုလပန်းခြံဘေး မှာ ဖွင့်ထားတဲ့ မိကျောင်းကန်သပိတ်စခန်းကို လာ မယ့် အောက်တိုဘာလ ၃ ရက်နေ့မှာ နောက်ဆုံးထား ဖယ်ပေးရမယ်ဆိုပြီး ကျောက်တံတားမြို့နယ် ရဲစခန်း တာဝန်ရှိသူတွေနဲ့ စည်ပင်အဖွဲ့တွေက ဒီနေ့ သတိပေး စာ ကပ်သွားတယ်လို့ သိရပါတယ်။

မိကျောင်းကန်ရပ်ကွက်က မြေသိမ်းခံရသူတွေရဲ့ ပြဿနာ ကို အစိုးရက ပြေလည်အောင်ဖြေရှင်းပေးနိုင်မှ သပိတ် စခန်းကို ရုပ်သိမ်းမှာဖြစ်တယ်လို့ သပိတ်စခန်းက မနေနွယ်သန်းက ပြောပါတယ်။

"သူတို့လာကပ်သွားတာကတော့ ၁ဝ လပိုင်း ၃ ရက်နေ့ကို အပြီးဖယ်ပေးဖို့ပေါ့၊ မဖယ်ပေးဘူးဆိုရင် ဥပဒေကြောင်းအရ အရေးယူမယ်ပေါ့နော်၊ ဒုတိယ သပိတ်မှာလည်း အဲ့ဒီလိုလာပြီး သတိပေးစာ လာကပ် သွားဘူးတယ်၊ ဒါပေမဲ့ ဖယ်ခိုင်းတဲ့အခါမှာလည်း စည်ပင်နဲ့ရဲတွေ အင်အားသုံးပြီးတော့ အကြမ်းဖက်ပြီး ဖယ်ခိုင်း မလား၊ ဒါမှမဟုတ် ဥပဒေအရ တရားစွဲမလားပေါ့နော်၊ အဲ့နှစ်ချက်ထဲက တစ်ချက်တော့ ညီမတို့စောင့်ကြည့်ရမယ်၊ အစိုးရက ဘယ်လိုပုံစံနဲ့ ဖြေရှင်းမလဲ၊ ညီမတို့ အဲ့ဒါကိုပဲ စောင့်ကြည့်နေတယ်ပေါ့နော်၊ တကယ်လို့ အစိုးရဖက် က ပြေလည်အောင် ဖြေရှင်းပေးနို်င်မယ်ဆိုရင် ပြည်သူတွေ လက်ခံမယ်ဆိုရင် ညီမတို့သပိတ်ကို ချက်ခြင်း ရုပ်သိမ်းပေးမှာပါ၊ ညီမတို့ဒီမှာ သပိတ်ကပြည်သူတွေ ထိုင်နေတယ်ဆိုတာလည်း အစိုးရရဲ့အဖြေကို ညီမ တို့ စောင့်ဆိုင်းနေတာပါ"

လွန်ခဲ့တဲ့ ၂၅ နှစ်လောက်က သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်ရပ်ကွက် (၁၊ ၂၊ ၃) မှာ နေထိုင်ခဲ့သူတွေဟာ သူတို့မြေတွေ အသိမ်းခံထားရတဲ့အတွက် မြေပြန်လည်ရရှိဖို့ မဟာဗန္ဓုလပန်းခြံဘေးမှာ သပိတ်စခန်းဖွင့်ထားတာ အခုဆိုရင် ၇ လနီးပါးရှိနေပြီဖြစ်ပါတယ်။

မိကျောင်းကန်သပိတ် စခန်းခေါင်းဆောင် ဦးစိန်သန်းဟာ တရားမဝင် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈၊ စည်ပင်ပုဒ်မ ၆၈တို့နဲ့ စုစုပေါင်းထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရပါတယ်။

ဒါ့အပြင် ပန်းဘဲတန်းမြို့နယ် တရားရုံးက မိကျောင်းကန်သပိတ်စခန်းက ဆန္ဒပြသူ ၄၀ ကျော်ကို တရားမဝင် စီတန်းလှည့်လည်ခြင်း ပုဒ်မ ၁၈ နဲ့ တရားစွဲထားတယ်လို့လည်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org