မီဒီယာဥပဒေအတွက် သတင်းသမားတွေအမြင် စုစည်းဖို့ ပြင်ဆင်
မြန်မာနိုင်ငံမှာ သတင်းမီဒီယာဥပဒေ ပြဋ္ဌာန်းသတ်မှတ်ဖို့ ပြည်သူ့လွှတ်တော်က ပြင်ဆင်နေရာမှာ သတင်းစာနယ်ဇင်း သမားတွေရဲ့ရှုထောင့်က တင်ပြချက်တွေ ပါဝင်နိုင်ဖို့ လာမယ့်ရက်ပိုင်းအတွင်း မီဒီယာဥပဒေဆိုင်ရာ စာတမ်းဖတ်ပွဲတစ်ခု ကျင်းပဖို့ ပြင်ဆင်နေပါတယ်။
-
2011-12-15 -
-
-
ကာတွန်းဆရာ အော်ပီကျယ် (ဝဲ) နှင့် စာရေးဆရာ ဖေမြင့် (ယာ) တို့ တောင်ကိုရီးယား နိုင်ငံ၊ ဆိုးလ်မြို့ အင်ချွန်း နိုင်ငံတကာ လေဆိပ်သို့ ရောက်ရှိလာပြီးနောက် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: burmainfokorea.blogspot.com)
(Photo: burmainfokorea.blogspot.com)
Your browser doesn’t support HTML5 audio
ဒီကိစ္စနဲ့ပတ်သက်ပြီး စာတမ်းဖတ်ပွဲ ပြုလုပ်နိုင်ရေး စီစဉ်နေတဲ့အဖွဲ့မှာ ပါဝင်သူ ပြည်သူ့ခေတ်ဂျာနယ် အယ်ဒီတာချုပ် စာရေးဆရာ ဦးဖေမြင့်က ဒီဇင်ဘာ ၂၃ ရက်ကျရင် ရန်ကုန်မှာ စာနယ်ဇင်းသမားများတွေ တခြားမီဒီယာသမားတွေ တွေ့ဆုံဖို့ စီစဉ်ထားကြောင်း ပြောပါတယ်။
အခုလို ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းရေး ကြိုးပမ်းနေတဲ့အချိန်မှာ သတင်းမီဒီယာနဲ့ ပတ်သက်ပြီး ဆွေးနွေးပြောဆိုပွဲတွေ ကျင်းပလာတာကို ကြိုဆိုတယ်လို့ သမ္မတဦးသိန်းစိန်ရဲ့ နိုင်ငံရေး အကြံပေးအဖွဲ့ဝင် ဒေါက်တာနေဇင်လတ်က အာရ်အက်ဖ်အေကို ပြောပါတယ်။
မီဒီယာဥပဒေဆိုင်ရာ စာတမ်းဖတ်ပွဲနဲ့ နှီးနှောဖလှယ်ပွဲကို ပြည်သူ့လွှတ်တော်ရဲ့ အားကစား၊ ယဉ်ကျေးမှုနဲ့ ပြည်သူ့ဆက်ဆံရေး ကော်မတီက ဦးဆောင်စီစဉ်နေပါတယ်။ လာမယ့် ၂၀၁၂ ခု နှစ်ဆန်းပိုင်းမှာ ပြန်လည်ကျင်းပမယ့် လွှတ်တော်အစည်းအဝေးမှာ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းမီဒီယာ ဥပဒေကြမ်းကို တင်သွင်းမှာ ဖြစ်တယ်လို့ သိရပါတယ်။
စာတမ်းဖတ်ပွဲ ပြင်ဆင်နေပုံအကြောင်း စာရေးဆရာ ဦးဖေမြင့်ကို မအင်ကြင်းနိုင်က မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။ |
|
အသံဖိုင်ယူရန်။ |